Part 30 (Uni)

4.2K 197 28
                                    

အပိုင်း - ၃၀

ခွေကျလုလု ခန္ဓကိုယ်လေးအား ခေါင်နွံလာ့ ထိန်းပွေ့ထားရသည်။ နွမ်က မျက်ရည်တွေ တသွင်သွင်ကျရင်း တုန်ယင်နေပါ၏။ နှုတ်ခမ်းလေးတွေပါ တုန်ယင်နေပြီး အတော်ကြာမှ အသံလေးထွက်လာသည်။ ထိုစကားလေး ပြောဖို့ပင် နွမ် အတော်လေး အားယူနေရပုံ။

"နွမ်.. သိပြီးပါပြီ"

"အင်း... ကိုယ့်ကိုပြော.. နွမ် ဘာသိတာလဲ"

"အခု.. အခု လုပ်နေတာကို ရပ်လိုက်ပါနော်.. .. ဒယ်ဒီ"

နွမ် ဆီက အသံတိုးတိုးလေး။ သို့သော် ခေါင်နွံလာ့၏ ကမ္ဘာကြီး ခေတ္တမျှရပ်တန့်သွားကြပါ၏။ နွမ်က သူ့ကို ဒယ်ဒီလို့ ခေါ်လိုက်သည်လား။

"နွမ် .. ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ"

"ဒယ်.. ဒီ"

ခေါင်နွံလာ့၏ မျက်ဝန်းတွေကို ကြည့်ပြီး နောက်တစ်ကြိမ် ပီပီသသ။

"ဟား.. နွမ်ရယ်.. ကိုယ်တော့ ရူးပြီကွာ.. ပြောပါဦး.. နွမ်က ဘာတွေ သိပြီးတာလဲဟင်"

"အွန်း.. ဒယ်ဒီက ရပ်ပေးမယ်ဆိုရင် နွမ် ပြောပြပါ့မယ်"

ခေါင်နွံလာ့ ပြုံးရင်း နွမ်၏ နဖူးလေးကို နမ်းလိုက်သည်။ ထို့နောက် ကိုယ်လုံးလေးအား ပွေ့ယူလိုက်ပါ၏။ ထိုအခါ ခေါင်နွံလာ့၏ လည်တိုင်ကို ဖက်တွယ်ပြီး ရင်ဘတ်ပေါ် ခေါင်းလေးမှီချလာသည့်နွမ်။

ခေါင်နွံလာ့ ပီခမ်းဖက် လှည့်ပြီး အမိန့်ပေးရသည်။

"ပီခမ်း သူတို့ကို ကျသင့်ငွေပေးပြီး ပြန်ခိုင်းလိုက်ပါ.. ဒီနှစ်ကောင်ကိုတော့ ထိုင်းနိုင်ငံ နယ်နိမိတ်ထဲမှာ မမြင်ချင်ဘူး"

"ကောင်းပါပြီ ပီခေါင်.. ဖြစ်စေရပါ့မယ်"

ပြီးမှ ခေါင်နွံလာ့ နွမ်ကို ပွေ့ကာ ထိုအခန်းထဲကနေ ထွက်ခဲ့လိုက်ပါသည်။

............................................

ကုတင်ပေါ် ချပေးလိုက်မှ မျက်လုံးလေး ဖွင့်ကြည့်လာခဲ့သည့် နွမ်။ နွမ်က အတော်လေး နွမ်းလျနေသည့်ပုံ။

"မိုရမ်ကိုလည်း ဘာမှ မလုပ်ပါနဲ့နော်"

လူတွေအားလုံးအတွက် လိုက်ပြီး စိတ်ပူပေးနေသည့် နွမ်။

နွမ် (Completed)Donde viven las historias. Descúbrelo ahora