Part 13 (Uni)

4.7K 196 19
                                    

အပိုင်း - ၁၃

ခေါင်နွံလာ့ နွမ်နဲ့အတူ ပြဇာတ်ရုံထဲ ရောက်နေသည်။ နေ့လည်စာစားပြီး ပြဇာတ်အချိန်ပါတဲ့။ Nong Nooch ၏ Traditional Show ။ ပြချိန်က နာရီဝက်သာ ကြာမြင့်သည်။ ထိုင်းရိုးရာယဉ်ကျေးမှုကို ဇာတ်ကွက်တွေဖြင့် ဖော်ပြသည့် ပြပွဲ။ လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်ထားသည့်အရာ။

နွမ်က ခေါင်နွံလာ့၏ လက်ကို တို့သည်။

"အွန်း.. နွမ်.. ဘာလိုလို့လဲ.. ကိုယ် ဘာလုပ်ပေးရမလဲ"

ထိုအခါ နွမ်က ပြုံးပြသည်။

"ဒီပွဲကိုလေ ပီခေါင်နဲ့ နွမ် အတူတူကြည့်ကြတာ တစ်မျိုးလေးတော့ ဖြစ်နေတယ်"

"ဟုတ်လား.. ဘာလို့လဲ နွမ်.. နွမ်က ကြည့်ဖူးလို့လား"

နွမ်က ခေါင်းခါပြသည်။

"နွမ် ပထမဆုံး ရောက်ဖူးတာလေ.. မကြည့်ဖူးပါဘူး"

"ဒါဆို ဘာလို့လဲ"

"ဟီး.. နွမ် မကြည့်ဖူးပေမယ့် ဒီ Show အကြောင်းဖတ်ဖူးတယ်.. ဒီ Show ကလေ ထိုင်းဘုရင်နရစွမ်နဲ့ ဆင်ဖြူရှင်မင်းရဲ့ သားတော်ကြီးမင်းကြီးစွာ စီးချင်းထိုးတာကို ပြတာတဲ့"

"ဟမ်.."

"အွန်း.. ဟုတ်တယ်"

"အဲ့တာ ဘာဖြစ်လို့လဲ နွမ်"

နွမ်က ခေါင်နွံလာ့ကို မသိဘူးလား' ဆိုသည့် အကြည့်ဖြင့် ကြည့်သည်။

"ထိုင်းနဲ့မြန်မာ တိုက်ပွဲတိုင်းမှာ ထိုင်းနိုင်ငံက ဘယ်တော့မှာ မနိုင်ခဲ့ဘူးတဲ့.. အဲ့တာရော သိလား"

နွမ်ကို လေသံကို နှိမ့်ပြီး ပြောနေတာ ဖြစ်သည်။ ပွဲကတော့ မစသေး။ ခုမှ လူတွေ ဝင်နေကြတုန်းဖြစ်သည်။

"သမိုင်းကြောင်းလား.. နွမ်"

"ဟုတ်တယ်.. ထိုင်းလူမျိုးဖြစ်တဲ့ ပီခေါင်ကို ဒီလိုပြောပြရတာ အားနာပါတယ်"

ခေါင်နွံလာ့ ပြုံးလိုက်သည်။ နွမ်က ခေါင်နွံလာ့၏ နှလုံးသားကို ပြုစားပြီးရင်း ပြုစားနိုင်လွန်းပါ၏။ နွမ်မှာ တစ်ဖက်သားကို လေးစားတတ်သည့် စိတ်လေးကလည်း ဖြူစင်မှုနဲ့အတူ တွဲပါနေလေဟန်။ ထိုင်းမြန်မာ သမိုင်းကြောင်းအား ပြောရမှာ အားနာပုံလည်း ရသည်။ ပြောပြချင်ပုံလည်း ရသည်။ ထို့ကြောင့် ခေါင်နွံလာ့က လမ်းဖွင့်ပေးရပါ၏။

နွမ် (Completed)Dove le storie prendono vita. Scoprilo ora