Part 7 (Z)

1.6K 41 13
                                    

အပိုင်း - ၇

နွမ် ခမ်းနားလှပသည့် ဟိုတယ်ကြီးရှေ့မှာ ခြေချလိုက်သည်။

Hilton Hotel တဲ့။ ဒီဟိုတယ်လုပ်ငန်းစုက ကမ္ဘာအနှံ့မှာရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် အမြောက်အများကို ပိုင်ဆိုင်သည်။ နာမည်ကြားရုံနဲ့ အရှိန်ဝါတစ်ခုကို ခံစားရပြီး အပြင်အဆင်တွေကလည်း ခမ်းနားလှပါ၏။ Pattaya မှလည်း ဒီ Hilton က လုပ်ငန်းရှင်အများစု တည်းခိုကြသည့်နေရာ။ တော်ရုံလူတွေ မလာနိုင်သည့် ဟိုတယ်။ အခန်းခတွေကလည်း ပုံမှန်ဟိုတယ်၏ (၃) ဆလောက်ရှိသည်။

နွမ် ဟိုတယ်ဆင်ဝင်အောက်ဆီ လမ်းလျှောက်ခဲ့သည်။ ဟိုတယ်ထဲကို ကိုယ်ပိုင်ကား အကောင်းစားတွေနဲ့ ဝင်နေကြတာမြင်တော့ နွမ် အနည်းငယ်လောက် သိမ်ငယ်ရတာတော့ အမှန်။ ပီခေါင် လာကြိုမည်ကို ငြင်းမိတာ နောင်တရချင်သလိုလို။ သို့သော် နွမ်က အလုပ်ရှင်နဲ့ လာတွေ့ပြီး ညစာစားရုံ မဟုတ်လား။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး နွမ် ဆက်လျှောက်ခဲ့သည်။

ဟိုတယ် အဝင်မှ Bell Boy လေးက နွမ်ကို ကြိုဆိုသည်။ ဒီမှာကတော့ ခွဲခြားဆက်ဆံတာမရှိကြ။ ဘယ်သူလာလာ ဧည့်သည်ဆိုသည့်အတိုင်း ဆက်ဆံကြသည်။

"မင်္ဂလာပါဗျ"

နွမ် ပြုံးပြလိုက်သည်။ ထို့နောက် ပါးစပ်မှ ပီခေါင်နဲ့ လာတွေ့တာ' ဟု ပြောရန်ပြင်လိုက်သည်။ သို့သော် နွမ်သတိရသွားသည်က နွမ်' လို့ ပီခေါင်က ပြောခိုင်းထားတာပင်။

ထို့ကြောင့်..

"နွမ်ပါ.. ဒီမှာ ညစာစားဖို့ ချိန်းထားလို့ပါ"

နွမ် နာမည်ပြောလိုက်သည်နှင့် လာကြိုသည့် Bell Boy လေးမှာ ပြာပြာသလဲဖြစ်သွားသည်။

"ဟုတ်ကဲ့.. ဒီဖက်ပါ ခင်ဗျ"

ညွှန်ပြရာဆီ နွမ် လျှောက်ခဲ့တော့ ဧည့်ကြိုကောင်မလေးတစ်ယောက်ကို တွေ့ရသည်။

"လူကြီးမင်းက နွမ်လားရှင့်"

နွမ် ယောင်နနနဲ့ ခေါင်းညိတ်ပြပြီးမှ ပြန်ဖြေရသည်။ ဒီလိုအနေထားနဲ့ အထူးအရေးပေး ဆက်ဆံခံနေရသည်မို့ နွမ် မနေတတ်။

နွမ် (Completed)Donde viven las historias. Descúbrelo ahora