Part 35 (Uni)

3.4K 253 35
                                    

အပိုင်း - ၃၅

ဆေးရုံ ကန်န်တင်းမှာ နွမ်က ရေသာ သောက်နိုင်သည်။ မိုရမ်ကတော့ နွမ်ကို ကြည့်ပြီး သက်ပြင်းတချချ။

နွမ် မိုရမ် ယူလာပေးသည့် အစားအသောက်တွေကို တစ်ခုမှ စားချင်စိတ်မရှိ။ နွမ် ကြိုက်လှပါသည့် ကြက်ကြော်ကိုပင် စားလို့မဝင်ပါ။ နွမ်မှာ အချိန် (၂) ရက်သာ ကျန်သည်။ ပီခေါင်က အခုထိ သတိမရသေးပါ။ နွမ် ပီခေါင်နားမှာ ဆက်နေလျှင် အကိုနဲ့ ဆက်ဆံရေးက ပြတ်တောက်ရတော့မည်။ အခြေနေက နွမ် အတွက်တော့ ဆုပ်လည်းစူး၊ စားလည်းရူး။ ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာ။

မိုရမ်က ထလာပြီး ဇွန်းနဲ့ ခက်ရင်းအား နွမ်၏ လက်ထဲ ထည့်ပေးသည်။ ထိုအချိန်ထိ နွမ်၏ လှုပ်ရှားမှုတို့က ရပ်တန့်နေဆဲ။ ခံစားချက်မဲ့နေ့သည့် နွမ်၏ ခန္ဓာကိုယ်က အထိတွေ့ကိုလည်း မသိတော့ပါ။

နွမ်၏ ပခုံးလေးအား ဖျစ်ညှစ်လာခဲ့သည့် မိုရမ်။

"စားလိုက်ပါ နွမ်"

"နွမ်.. စားလို့ မဝင်ဘူး.. မိုရမ်"

"စားလို့ဝင်မှ စားရမှာ မဟုတ်ဘူးလေ နွမ်.. နွမ်ရဲ့ စိတ်က မစားချင်ပေမယ့် ခန္ဓာကိုယ်ကတော့ အာဟာရလိုတယ်"

"နွမ်.. မစားချင်ဘူး မိုရမ်ရယ်"

"ပီခေါင် နွမ်ကို လုပ်ပေးခဲ့တာတွေက နွမ် ဒီလို ဖြစ်နေဖို့ မဟုတ်ဘူးလေ နွမ်"

"မိုရမ်.. ဟို..တောင်းပန်ပါတယ်.. နွမ်.. တကယ် မစားချင်တာပါ"

နွမ် မျက်ရည်ကျတော့ မိုရမ်က တစ်ရှူးလေးကို ကမ်းပေးလာပါ၏။ မိုရမ် ပေးလာသည့် တစ်ရှူးနဲ့ နွမ် မျက်ရည်စတွေအား သုတ်လိုက်ပါသည်။ သို့သော် မျက်ရည်တွေကတော့ ရပ်တန့်မသွား။

ဒါဏ်ရာတွေထဲမှာ အနာကျင်ရဆုံးက မမြင်ရသည့် ဒါဏ်ရာတွေပါတဲ့။

ထိုအရာက တကယ်ပင်မှန်ပါ၏။ နွမ်၏ ခန္ဓာကိုယ်မှာ ဘာဒါဏ်ရာမှ ရှိမနေပါ။ သို့သော် ခန္ဓာကိုယ် အနှံ့က နာကျင်လို့နေသည်။ ဒါဏ်ရာ ပြပါဆိုလျှင်တော့ နွမ် ပြဖို့ ဒါဏ်ရာမရှိပါ။ ရင်ထဲမှာလည်း အမည်ဖော်မရသည့် ဝမ်းနည်းမှုက အပြည့်။

နွမ် (Completed)Tahanan ng mga kuwento. Tumuklas ngayon