Part 9 (Z)

1.3K 39 1
                                    

အပိုင်း - ၉

ခေါင်နွံလာ့ မိုရမ်ကို ကြည့်လိုက်သည်။ မိုရမ်က အခုမှ တက်လာတာဖြစ်ပြီး ခေါင်နွံလာ့ကို အရိုသေပေးသည်။

"ပီခေါင် အခေါ်လွှတ်တယ်ဆိုလို့ပါ"

"မိုရမ်"

"ဟုတ်ကဲ့ ပီခေါင်"

"ပန်းရောင်ကျူးလစ်တွေကို မမြင်ချင်ဘူးကွာ"

"ဗျာ !!"

အစမရှိ၊ အဆုံးမရှိသည့် ပီခေါင်၏ စကား။ မိုရမ် မျက်လုံးပြူးသွားရသည်။ ပီခေါင် ခေါ်တာကြောင့် ခုမှ ရောက်လာတာလေ။ ဒီမှာ ဘာတွေ ဖြစ်နေပါလိမ့်။ ဒီ Dining Room တစ်ခုလုံးမှာ ဆင်ထားတာကလည်း ပန်းရောင်ကျူးလစ်တွေ။

"အင်း.. ငါ့အိမ်က ကျူးလစ်ပန်းရောင်တွေ ရှင်းထုတ်လိုက်.. ပြီးတော့ ဒီမှာရှိနေတဲ့ ကျူးလစ်တွေလည်း မမြင်ချင်ဘူး"

"ဟုတ်ကဲ့.. ကျွန်တော် စီစဉ်လိုက်ပါ့မယ်"

"အမြန်ဆုံး ရှင်းထုတ်လိုက်.. ကုန်ကုန်ပြောရရင် ဒီ Pattaya မြို့မှာ ကျူးလစ်ပန်းရောင်ဆို မမြင်ချင်ဘူးကွာ"

"ဟုတ်ကဲ့.. လုပ်လိုက်ပါ့မယ်"

"ကောင်းပြီ.. အခု သွားလိုက်တော့"

"ဟုတ်ကဲ့"

မိုရမ်က ခေါင်နွံလာ့ကို အရိုအသေပေးပြီး ထွက်သွားဖို့ ပြင်သည်။

ခေါင်နွံလာ့ လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး တားလိုက်ပါ၏။

"မိုရမ်.. နေဦး"

ခေါင်နွံလာ့ တားလိုက်သည့်အခါ မိုရမ်က ပြန်လှည့်ကြည့်လာသည်။

"ဘာမှာဦးမလဲ ပီခေါင်"

ခေါင်နွံလာ့ မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။ လှိုက်တက်လာသည့် နာကျင်မှုကို ထိန်းပြီး မိုရမ်ကို အမိန့်ပေးရသည်။

"ငါ့ အခန်းထဲက ပန်းချီကားကိုပါ ရှင်းထုတ်လိုက်"

"ဗျာ !!"

ခေါင်နွံလာ့၏ စကားကြောင့် မိုရမ် တံတွေးမြိုချလိုက်သည်။

"ဟုတ်တယ် ရှင်းထုတ်လိုက်တော့.. မမြင်ချင်တော့ဘူး"

"ဟုတ်ကဲ့ပါ ပီခေါင်.. ကျွန်တော်လုပ်လိုက်ပါ့မယ်"

နွမ် (Completed)Donde viven las historias. Descúbrelo ahora