Part 25 (Uni)

4.5K 239 22
                                    

အပိုင်း - ၂၅

အနမ်းခရီးက ဘယ်လောက်ကြာသွားလဲ မသိကြတော့။ ချိုမြိန်လှသည့် အနမ်းတွေကြား မေ့မေ့မောမော။ ဒီအခိုက်တန့်တွေက ကြည်နူးဆွတ်ပျံ့ဖွယ်ရာအတိ။

နွမ် အသက်ရှုကြပ်ပြီး ခေါင်နွံလာ့ ရင်ဘတ်ကို တွန်းလာမှ အသိပြန်ဝင်တော့သည်။ ဒါတောင် အိစက်လှသည့် နှုတ်ခမ်းလေးတွေကို လွှတ်မပေးချင်မိ။ နွမ်၏ ရင်ဘတ်လေးတွေ နိမ့်ချည်မြင့်ချည်ဖြစ်လာမှ မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးမိတော့သည်။

"မောသွားပြီလား နွမ်"

ခေါင်နွံလာ့ မေးလိုက်သည့်အခါ နွမ်က မျက်လွှာလေး ချသွားသည်။ ရှက်သွားသည့် သဘောပင်။ ပါးလေးတွေ နားလေးတွေလည်း ရဲတက်လာပြီ။

"နေ.. မြင့်တော့မယ်.. Coral ကို သွားရအောင်လေ"

"အင်း.. ဒါဆို ကိုယ် ပြန်ဆင်းလိုက်တော့မယ်နော်.. တော်ပြီမလား"

"အွန်း.. တော်ပါပြီ"

ထို့နောက် နှစ်ယောက်သား ဖောင်နားဆီ ဆင်းခဲ့ကြသည်။ နွမ်က ဖောင်ပေါ်တက်ပြီးမှ ခေါင်နွံလာ့လည်း Flyboard ပေါ်မှ ဆင်းရသည်။

နွမ်က Flyboard စီးရတာကို သဘောကျနေဟန်။ မျက်လုံးလေးတွေက ရွှင်မြူးနေပါ၏။ ထိုအပျော်တွေက ခေါင်နွံလာ့၏ ရင်ကိုလည်း လာရောက် ရိုက်ခတ်သည်။

"နွမ်.. အဝတ်စားလဲချင်သေးလား.. ကျွန်းပေါ်ရောက်မှပဲ လဲတော့မလား"

ခေါင်နွံလာ့ မေးလိုက်သည့်အခါ နွမ်က စဉ်စားဟန်ပြုသည်။

"ကျွန်းပေါ်ရောက်မှပဲ လဲလိုက်တော့မယ်လေ.. ဒီနဲ့ ကျွန်းက သိပ်မှ မဝေးတာ"

"အဲ့လိုပဲ လုပ်ကြတာပေါ့"

"အွန်း.. ဒါဆို Coral ကို သွားကြတော့မယ်မလား"

"အင်း.."

ခေါင်နွံလာ့ မိုရမ်ကို ပြောလိုက်သည်။

"Speed Boat ခေါ်လိုက်တော့ မိုရမ်"

"ဟုတ်ကဲ့ ပီခေါင်"

မိုရမ်က အရိုသေပေးပြီး Speed Boat ခေါ်ဖို့ ထွက်သွားသည်။

ခေါင်နွံလာ့ နွမ်၏ ပခုံးလေးကို ဖက်ကာ လူရှင်းရာနားဆီ ခေါ်လာသည်။ ပြီးမှ မိုရမ် ကမ်းပေးခဲ့သည့် သဘတ်လေးနဲ့ ဆံပင်တွေကို ခပ်ဖွဖွ သုတ်ပေးမိသည်။ ဒီကောင်လေးက သူ့ ဆံနွယ်လှလှတွေ ပျက်စီးသွားမှာကို သိပ်ကြောက်တတ်သူ မဟုတ်လား။ Flyboard စီးချိန် ရေမစိုအောင် အတတ်နိုင်ဆုံး ထိန်းခဲ့သည့်တိုင် ရေမွှားတွေကတော့ နွမ်၏ ဆံနွယ်လှလှတွေမှာ လာရောက် ခစားကြသည်။

နွမ် (Completed)Onde histórias criam vida. Descubra agora