Part 6 (Uni)

6.7K 307 35
                                    

အပိုင်း - ၆

-ဂျီ ဂျီ ဂျီ ဂျီ-

တဂျီဂျီ မြည်လာသည့် ဖုန်းလေးကြောင့် နွမ် အိပ်နေရာမှ နိုးလာသည်။ ဆန်ပြုတ်စား ဆေးသောက်ပြီး နွမ် အိပ်ပျော်နေခဲ့တာပင်။ ဘယ်လောက်ကြာကြာ အိပ်သွားလဲ မပြောတတ်။ ဖုန်းသံကြောင့်သာ ပြန်နိုးလာရတော့သည်။

ဖုန်းလေးကို ယူကြည့်လိုက်တော့ ဖုန်းပေါ်မှာ ပေါ်နေသည်က 'Daddy' တဲ့။

နွမ် အနည်းငယ်လောက် ကြောင်အသွားသည်။ နွမ် ထိုနာမည်မျိုး မှတ်မထားဖူးပါ။

သို့သော် ဖုန်းလေးက ဆက်တိုက်မြည်နေသည့်အတွက် အိပ်မှုန်စုံမွှားဖြင့် နွမ် ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို"

"ဟယ်လို ဘေဘီ"

တစ်ဖက်မှ ပီသလှသည့်အသံ။

နွမ် ဖုန်းကို နားမှ ခွာပြီး ကြည့်လိုက်သည်။ စိတ်ကလည်း ခုမှ အိပ်ချင်ပြေသွားတော့သည်။

"ဘယ်သူလဲ.."

"ကိုယ်လေ.. မမှတ်မိဘူးလား"

"ဘယ်က ကိုယ်လဲ"

"ဟာ.. ဘေဘီက အဆိုးလေးကွာ.. ကိုယ့်အခန်းထဲ အိပ်သွားပြီး ကိုယ့်ကိုတောင် မမှတ်ဘူးလား"

"Fuck !!"

ပီခေါင်လား။ သေစမ်း။ နွမ်ရဲ့ ဖုန်းထဲမှာ သူ့ဖုန်းနံပတ်ကို Daddy' လို့ မှတ်ပေးလိုက်တာပေါ့။

"Fuck မှာပေါ့.. ခုတော့ မဟုတ်သေးဘူး.. နွမ် နေကောင်းမှ.. အေးဆေးပေါ့ ဘေဘီ"

"ကျစ်စ်.. ခင်ဗျားကို ပြောထားတယ်လေ.. ခင်ဗျားလုပ်ချင်တာ ကျွန်တော့်ခေါင်းမှမဟုတ်တာ.. အခုလုပ်မလား.. ရတယ်.. ဘယ်ကိုလာရမလဲသာပြော"

"အဟက်.. ချစ်စရာလေးကွာ"

ဒီလူက ဘယ်လိုပါလိမ့်။ နွမ် ဒီလောက်ပြောနေတာကို ဒေါသမထွက်ဘူးလားမသိ။

နွမ် သက်ပြင်းချလိုက်သည်။

"ပီခေါင်"

နွမ် လေးလေးနက်နက်ခေါ်လိုက်သည့်အခါ ...

"အင်း.. ပြောလေ နွမ်"

ပီခေါင်ကလည်း တည်တည်ငြိမ်ငြိမ်ပြန်ဖြေပါ၏။

နွမ် (Completed)Wo Geschichten leben. Entdecke jetzt