Part 33 (Uni)

2.9K 220 25
                                    

အပိုင်း - ၃၃

ကမ်းစပ်မှာရှိသည့် ဂိုထောင်အဟောင်းထဲမှာ မီးအလင်းရောင်က မှိန်ပျပျ။ ဂိုထောင်ပျက်တွေ စုဝေးရာ ဒီနေရာ။ လူသိပ်မလာကြသည့် စွန့်ပစ်နယ်မြေ။ ထို့ကြောင့် အရာရာက ခြောက်ခြားဖွယ်အတိ။ ဂိုထောင်အလယ် မီးလုံးဝါကျင်ကျင်အောက်မှာ ထိုင်ခုံနဲ့ ထိုင်နေသူက ခေါင်နွံလာ့။

ခေါင်နွံလာ့ ရှေ့မှာ ခေါင်းငိုက်ကျနေသည့် လူတစ်ယောက်။

ခြေထောက်နဲ့ ခပ်ဆတ်ဆတ်လေး ကန်လိုက်တော့ လူးလွန့်လာလေသည်။

-ဘုန်း-

"အ့.. အဟွတ်.. ဟွတ်"

"နိုးပြီလား"

ထိုလူက ဂျက်။ အရင်ကတော့ ပီခေါင်၏ လက်ရုံးတွေထဲက တစ်ယောက်။ ခုတော့ သစ္စာဖောက်။

အလန့်တကြား မော့ကြည့်လာသည့် ဂျက်။

"ပီ.. ခေါင်... ဟင်.. အဟွတ်.."

"အဟင်း.. ငါ့ကို မှတ်မိသေးတာလား ဂျက်"

"ပီခေါင်.. ဘာ.. ဘာလိုချင်လို့လဲ"

"မင်း ဘာလုပ်ခဲ့လည်းဆိုတာ မသိဘူးလား ဂျက်"

"ကျွန်တော်.. ဘာ.. ဘာလုပ်လို့လဲ ပီခေါင်"

ခေါင်နွံလာ့ ညာလက်ကို ဖြန့်လိုက်သည့်အခါ မိုရမ်က ဖိုင်တစ်ခုကို ထည့်ပေးလာသည်။ ထိုဖိုင်အား ဂျက် ရှေ့ကို ပစ်ချပေးလိုက်သည်။

"ရော့... ကြည့်"

ထိုအခါမှ မျက်လုံး ပြူးသွားသည့် ဂျက်။

"ဒါ.. ဒါတွေကို ပီခေါင် ဘယ်လိုလုပ်ပြီး သိတာလဲ.. အဟွတ်"

ခေါင်နွံလာ့ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ..

"လက်တွေ ဖြန့်ချလိုက် ဂျက်.. မြန်မြန်လေး လုပ်"

"ပီခေါင်..."

"ငါ့ ဘေးနားနေခဲ့တော့ မင်း.. ငါ့အကြောင်း သိမှာပါ ဂျက်.. ငါ စိတ်မရှည်တတ်တာကို မေ့သွားတာတော့ မဟုတ်ဘူးမလား"

ခေါင်နွံလာ့က လက်အောက်ကလူတွေ အလုပ်ထွက်ပြီး အလုပ်သစ် ထူထောင်လျှင် အမြဲ ထောက်ပံ့ပေးခဲ့သူ။ ဘယ်တော့မှ လက်အောက်ငယ်သားကို ချိုးနှိမ်ပစ်တာမရှိ။ ခေါင်နွံလာ့ လက်အောက်မှာ နေခဲ့စဉ်လည်း ကောင်းကောင်းထားသည်။ အရည်ချင်းရှိလျှင် ရှိသလိုလည်း မြှောက်စားပေးသည်။ လက်အောက်ကနေ ခွဲထွက်လျှင်လည်း အမြဲ Support ပေးတတ်သူ။ သို့သော် သစ္စာဖောက်လျှင်တော့ ခွင့်မလွှတ်တတ်ပါ။

နွမ် (Completed)Onde histórias criam vida. Descubra agora