2

424 43 0
                                    


ကိုယ်လေးနည်းနည်းပူတာကိုပင် ဦးထွန်းက
ကျောင်းမသွားခိုင်းတော့ပေ။အတန်းပိုင်ဆီမှကိုယ်တိုင်ခွင့်သွားတိုင်ပေးခဲ့သည်။

၈တန်း ၉တန်း ထိ ကျူရှင်မယူပဲအောင်လာတဲ့ခါး
ကို၁၀တန်းမှာတော့ ဘော်ဒါဆောင်နေလိုက်ပါဟု ဦးထွန်းက တိုက်တွန်းပါသော်လည်းခါးက လုံးဝမနေချင်။ဘော်ဒါဆောင်တွေက စည်းကမ်းအရမ်းတင်း
ကြပ်လွန်းသည်ကြောင့်လမ်းသလားချင်တဲ့ ခါးနဲ့လုံးဝကီးမကိုက်ချေ။အိမ်အနီးနားက ကျူရှင်မှာ စာရင်းသွင်းထားသော်လဲ တစ်ကြိမ်တစ်ခါလေးတောင် မသွားဖြစ်သေး။

ခါးနေမကောင်းဘူးဆိုတဲ့ ဦးထွန်း၏အဆိုတင်သွင်း
ပြီးနောက်မှာ ဒဏ်ပေးခြင်းလုံလောက်ပြီဟု ကိုကိုကဆုံးဖြတ်ခဲ့၏။နှစ်ရက်လောက် အိမ်ထဲအောင်းပြီး
နောက်မှာ ခါး ဖင်တကြွကြွဖြစ်လာချေပြီ။အိမ်တွင်း
အောင်းနေရခြင်းကခါး style မဟုတ်။

"ဦးထွန်း ခါး ဒီနေ့ကျောင်းသွားမှာ ဦးထွန်းကို
ဘုန်းဘုန်း ခေါ် နေတယ်ဆို သွားလေ"

"ဒီနေ့ပဲ သောကြာ ဖြစ်နေပြီ နောက်တစ်ပတ်မှ
တက်လိုက်တော့လေ ကျောင်းကို"

" ပျင်းလို့သေရပါလိ်မ့်မယ် အိမ်ထဲတော့အောင်း
မနေပါရစေနဲ့"

"ဘုန်းကြီးကျောင်းသွားရင် ည ပြန်မအိပ်ဘူးနော်
သိပ်နေမကောင်းသေးဘဲနဲ့ တစ်ယောက်တည်း
ဖြစ်ပါ့မလား"

"အေးဆေးပါ နေနေကျပဲကို စိတ်ပူရင်
ဖုန်းဆက်လေ"

"အင်းဟင်းချက်စရာတွေတော့ ဝယ်ထားတာရှိ
တယ် ထမင်းလေးတော့ ချက်စားနော်"

"ဟုတ်ကဲ့ပါ။ ဒါဆို ကျောင်းသွားတော့မယ်"

"ကြွ ကြွ"

ခါးတို့အထက်တန်းကျောင်းသွားရာလမ်းတစ်လျှောက်သေသပ်သောကျောင်းဝတ်စုံကိုယ်စီနှင့်ကျောင်းသား၊ကျောင်းသူများပျားပန်းခတ်သွားလာနေကြပြီး
ကျောင်းဖွင့်ရက်မနက်ခင်းတစ်ခုကိုပုံဆောင်နေ
ကြချေ၏။မြေသားတွေမှာစိုစွတ်နေဆဲဖြစ်ပြီးနေအလင်းရောင်မှာလဲမရှိသလောက်မှိန်ဖျော့နေသည်။

ရှပ်အကျီ ၤအဖြူရောင်ကို အပေါ်ကြယ်သီးတချို့ဖွင့်
ဟဝတ်ထားသည့်ခါးကတော့ မနက်ခင်းရဲ့အအေးတစ်ချို့ကိုဂရုမထားသည့်နှယ်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now