26

522 46 0
                                    


ကိုနေမျိုးကရှေ့မှဦးဆောင်ပြီး အခန်းတစ်ခုဆီ
ခေါ်သွားပေးလာသည်။ဝင်ဝင်ချင်းမြင်လိုက်ရသည်ကအလယ်ကဆိုဖာခုံမှာထိုင်ပြီး  ဖန်ခွက်တစ်ခွက်ထဲကအရက်တွေ တရှိန်ထိုးမော့ချလိုက်တဲ့ ကိုကို။ နံဘေးမှာကောင်မလေးက နှစ်ယောက်။
ကိုနေမျိုးကခါးကို အားနာသလိုကြည့်လာလေ၏။

ခါးဝင်လာတာကိုတောင်ကိုကိုက မမြင်ပေ။
ဘယ်လောက်တောင်သောက်ထားပြီလဲဆိုတာ
အနေအထားကြည့်ရုံနဲ့သိသာပေသည်။ရေတောင်
မရောဘဲပြီးပြီးရောသောက်ချနေတဲ့ကိုကိုက
ကိုယ့်ကိုကိုယ်ညှင်းဆဲနှိပ်စက်နေသည်နှင့်မခြား။

နောက်ထပ်ထပ်ထည့်မယ့်လက်ကို ဆွဲယူမိသည်
နှင့်မော့ကြည့်လာတဲ့မျက်ဝန်းတွေ။သွေးရောင်
လွှမ်းချင်နေတဲ့မျက်လုံးတွေကနီရဲနေပြီးနာကျင်
မှုတွေစုပုံခံစားနေရသည့်နှယ်။

ခါးကိုတွေ့တော့သုံးစက္ကန့်လောက် ငြိမ်သက်သွားပြီး
မျက်နှာလွှဲသွားတော့သည်။

"ကိုကို"

ခေါ်ငင်သံကြောင့်ခါးကိုင်ထားသည့်လက်ကောက်
ဝတ်မှာတောင့်တင်းသွားလေ၏။

လက်ကို အတင်းရုန်းကာ ဖန်ခွက်ထဲမ alcohol
တွေထပ်ထည့်ပြီး တစ်ချက်တည်း မော့ပြန်သည်။

ဘေးက နှစ်ယောက်က ကိုနေမျိုးအချက်ပြလိုက်
သည်နှင့်အလျိုလျိုထွက်သွားကြချေ၏။

ကျန်းမာရေးမကောင်းပါဘဲ အလွန်အကျွံသောက်
နေတဲ့သော်တာမောင်မှာ ကျောပင်မတ်မတ်ထိုင်မ
နေနိုင်တော့ချေ။မမြင်မတွေ့ရတာကြာသွားသည့်
တိုင် ပြည့်ပြည့်တင်းတင်းရှိမလာပဲ ပိန်မြဲပိန်ဆဲဖြစ်
နေသည့်သူ့ကိုကို။မူးယစ်ရီဝေနေခြင်းကြောင့်ထူထဲ
လှသောမျက်တောင်ရှည်တို့မှာ ပိတ်ကျလုနီး။ကိုကို
တစ်ယောက်တည်းသာ နာကျင်မှု၌ကျရှုံးနေရခြင်းမဟုတ်ပါကြောင်း ခါးပြောပြချင်မိပါသည်။သူ့မျက်ဝန်း
တွေမှာလဲကျိန်းစပ်ကာအပူငွေ့တွေထုတ်လွှတ်နေ
ပါလေ၏။

ကိုကို့ဘေးက ဆိုဖာလွတ်နေရာမှာ ဒူးထောက်
ထိုင်ချလိုက်ပြီး ထပ်ခေါ်မိလေသည့်ခါး။

"ကိုကို"

"....."

"ကျွန်တော် ပြန်လာပြီ"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now