30(uni)

229 21 8
                                    

ရုံးကိုပြန်ရောက်ချိန်မှာ ညနေလေးနာရီတောင်ထိုး
လုနီးနေပြီး အချိန်သုံးနာရီနီးပါး ထိုင်တွေးနေခဲ့မိတဲ့
အဖြစ်ကိုသတိထားမိရတော့သည်။ပုံမှန်ဆို ကိုကို
နေမကောင်းသလို၊မအီမသာဖြစ်နေသလို
မျိုးအချိန်၌ ကိုကိုနဲ့အဝေးမှာနေဖို့ စိုးစဉ်းမျှအ
တွေးမရှိခဲ့ဖူးပါချေ။

ရုံးဆင်းချိန်နီးကပ်လာလေ အလုပ်များလေဖြစ်
သည့်လုပ်ငန်းသဘောသဘာဝကြောင့် ခါးနဲ့
သော်တာမောင် စကားပြောချိန်မရှိသေးချေ။ဖိုင်
တွေစစ်လိုက်၊လက်မှတ်ထိုးလိုက်၊ဖုန်းတစ်လုံးနဲ့
အလုပ်ကိစ္စပြောလိုက်နဲ့သော်တာမောင်အလုပ်
လုပ်နေသည်မှာ ပျားရည်စစ်စစ်သုံးဇွန်းမျှပါတဲ့သံပုရာရည်လေးလဲ ကုန်ခမ်းလုနီး။

"ခါး"

"ဗျာ"

"ပထမထပ်က မိတ္တူစက် ဘာဖြစ်သွားတယ်ဆိုလား
ခဏသွားကြည့်ပေးလိုက်အုံး စက်ပြင်ကောင်လေး
တွေ မအားဘူး"

"ဟုတ်"

"နေအုံး"

"ဟင်.."

"ဆေးလိပ်သောက်ထားတာလား"

ခါးနေရာကနေ ကိုကိုထိုင်တဲ့နေရာအထိ အသေ
အလဲဖြန်းထားတဲ့အနံ့အသက်ပျောက်ဆေးကမ
သက်ရောက်ခြင်းလေလား။ရုတ်ချည်း အဖြေပြန်
မပေးမိတဲ့ခါးကို တစ်စုံတစ်ခုပြောဖို့ဖွင့်ဟလာတဲ့
နှုတ်ခမ်းဆီမှ စကားတချို့ထွက်မလာမှီ တံခါး
ခေါက်ပြီးဝင်ခွင့်တောင်းသံက ထွက်ပေါ်လာ၏။
ရေမွန်းနေတုန်းကန်ရေပြင်မျက်နှာပေါ်ခေါင်းပြူ
လိုက်ရသည့်အလား ခါးမှာအသက်ဝဝရှူလိုက်မိ
ရင်း အပြင်ဖက်ခြေလှမ်းမိရတော့သည်။

"မိတ္တူစက်သွားကြည့်လိုက်အုံးမယ်နော် ကိုကို"

"အွန်း"

ဝင်လာတဲ့ကိုမင်းမင်းနှင့် ပေးလာတဲ့tabletကို
လှမ်းယူကြည့်ပြီး ခါးကိုသွားခွင့်ပြုလိုက်ရသည်။

"ဆေးလိပ်နံ့ရလိုက်လား"

"ဗျာ"

"ခါးလေ သူ့နားကဖြတ်လာတာအနံ့ရလား"

"မရပါဘူး ကျွန်တော်ဆေးလိပ်နံ့မရဘူး ကို
သားမောင်"

"အင်း.."

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now