2(unicode)

257 32 1
                                    

သော်တာမောင်

ရင်ခွင်ထဲက အသက်မဲ့နေတဲ့အစ်မဖြစ်သူခန္ဓာ
ကိုယ်ကို ကျစ်ကျစ်ပါအောင်ဖက်၍ငိုနေမိတဲ့သူ့
နားထဲ၌စူးစူးနစ်နစ်ငိုသံတစ်ခုကပါ ထိုးမွှေနှောက်
ယှက်နေသည်။

ကိုယ့်အစ်မရဲ့ လက်နဲ့ဆွဲခေါ်လာခဲ့တဲ့ အဲ့ဒီ
ကောင်လေးသေးသေးလေးငိုနေသည်မှာသတိ
ပင်လစ်တော့မတက်။အစ်မဖြစ်သူကိုတစ်လှည့်
ကိုယ့်ကိုအားကိုးသလိုကြည့်ကာတစ်လှည့်သည်းသည်းထန်ထန်ငိုနေပုံမှာ မြင်သူတကာဂရုဏာသက်မိဖွယ်ရာ။

ဘယ်သူမှမရှိတော့ဘူး။ကိုယ့်နားက ချစ်ရခင်ရ
တဲ့လူတွေ ကိုယ့်ကိုထားသွားပြီ ဆိုတဲ့အသိက
ဦးနှောက်အသိစိတ်မှာရော နှလုံးသားတစ်ခုလုံး
ကိုပါစွဲထင်နှိပ်စက်နေပြီး သူ့သွေးအသားနေရာ
အနှံ့ဓားနဲ့ပါးပါးလှီးထုတ်ခံနေရသလို နာကျင်အက်ကွဲဲကြေမွလို့။

အခုမှ ဆယ်ကျော်သက်အရွယ်လေးကိုယ် ဒီ
ကလေးကိုဘယ်လိုတာဝန်ယူရမတုန်း။မိဘအ
ရိပ်အောက်နေ၍ ဆိုးလို့နွဲ့လို့ကောင်းနေတုန်း
အရွယ်လေးမှာ ချက်ချင်းလက်ငင်းကြီး ပြောင်း
လဲသွားတဲ့ဘဝစာမျက်နှာဆိုတာကြီးကရက်စက်
လွန်းလှချေသည်။ဘယ်သူ့ကို အပြစ်တင်ရမလဲ ဘယ်သူ့ကြောင့်လို့လက်ညိုှးထိုးကာ ငိုရပါ့မလဲလေ။

ဆေးရုံပါတင်လိုက်ရတဲ့ထိုကလေးသေးသေးလေး
က ကိုယ့်ကိုရည်ရွယ်ပြီး ခေါ်လာတာ 'ကိုကို´တဲ့။
ဟင့်အင်း မကြိုက်ဘူး မခေါ်နဲ့။

မျက်စိရှေ့တင်တစ်စစီပြိုကျသွားတဲ့ ပျော်စရာ
ဗိမ္မာန်ကြီးတစ်ခုလုံးမှာ ကိုယ့်နှလုံးသည်းပွတ်
တွေပါသွားလေသည်မို့အတွင်းဒဏ်ရာကနက်ရှိုင်း
လွန်းနေခဲ့ပြီ။

အစ်မဖြစ်သူကို တကယ်မြတ်နိုးတန်ဖိုးထားလို့
ရအောင်ယူနိုင်ခဲ့ရင် ယောကျ်ားကောင်းတစ်
ယောက်ရဲ့အားနဲ့ မိဘတွေနဲ့တွေ့ဆုံသင့်ဆွေးနွေး
သင့်ပြီး ကိုယ့်နောက်ကောက်ကောက်ပါအောင်
လိုက်ရဲတဲ့မိန်းကလေးတစ်ယောက်ကို စောင့်
ရှောက်နိုင်ခဲ့သင့်သည်။သူအနေနှင့်
ဘာတစ်ခွန်းမှတောင်အပြစ်တင်ပြောဆိုခွင့်မရ
လိုက်ဘဲ လူ့လောကကလွယ်လွယ်စွန့်ခွာသွား
လိုက်ကြတာ။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now