10

305 33 0
                                    

ညဖက် ကိုကို့အခြေအနေကြည့်ဖို့ ခါးကိုကို့အခန်း
ထဲက ဆိုဖာပေါ်မှာ လှဲနေရင်း အိပ်လို့မပျော်နိုင်ပေ။

အခန်းထဲလှည့်ပတ်ကြည့်တော့ ရှင်းလင်းသပ်ရပ်နေ၏။ကျယ်လွင့်တဲ့အခန်းထဲမှာပစ္စည်းများများစားစားမထားဘဲအပိုအလိုပစ္စည်းတစ်ခုမှတောင်မရှိချေ။နံရံမှာကပ်ထားသည့်မိသားစုဓာတ်ပုံကြီးတစ်ခုကသာအထီးကျန်ဆန်လွန်းစွာရှိနေသည်။

လျှောက်ကြည့်ရင်းမြင်လိုက်မိတာက မှန်တင်ခုံ
ထောင့်လေးပေါ်ရှိ စာအုပ်အထပ်လိုက်ကြားမှ
အယ်လ်ဘမ်လေးတစ်ခု....။

ကိုကို ကလေးတုန်းကပုံ၊ အထက်တန်းတုန်းက
သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံ ၊ကိုကို့ဖေဖေနဲ့
မေမေပုံ။ဓာတ်ပုံတွေထဲကလူငယ်လေးကလွတ်လပ်ပေါ့ပါးနေပြီး လန်းဆန်းတက်ကြွနေကာ...
သောကကင်းစင်ခြင်းအတိ။

တစ်ဖြည်းဖြည်းလှန်ရင်းတွေးမိသည်ကငယ်ဘဝ
ကနေ အခုအရွယ်အထိပြောင်းလဲလာတဲ့မျက်နှာ
လေး။ပါးဖောင်းလေးတွေသွယ်လျလာပြီးမျက်ဝန်း
တွေကြယ်လိုမတောက်ပတော့တာတောင်ဝန်းရံ
ထားတဲ့မျက်တောင်ရှည်လေးတွေကတစ်မျှင်လေး
တောင်လျှော့ပါးသွားခြင်းမရှိပုံ။

ကိုကို အရမ်းချောသည်ပဲ။

ဆယ်ကျော်သက်ထဲကဓာတ်ပုံတွေမှာ
မျက်တောင်ရှည်ရှည် ကော့ကော့လေး၊မျက်လုံး
ကြည်ကြည်တောက်တောက်လေး၊ပတ်ဝန်းကျင်
ကိုနွေးထွေးသွားစေမယ့်အပြုံးလေး ပြီးတော့
ကြည်လင်သန့်ရှင်းတဲ့အသားအရည်။တကယ်
ပဲချောကာကျက်သရေဖြာထွန်းနေတဲ့အမျိုးသား။

ပုံတွေစိတ်ဝင်တစားကြည့်နေရင်းအနောက်ဖက်
ရောက်လေ ခါးမျက်လုံးတွေ ဝိုင်းလာလေ.။

ခါးဓာတ်ပုံတွေကလေးပေါက်စလေးကနေ ခါး
ဆယ်တန်းထိ ပုံတွေ။အများကြီး။ခါးဓာတ်ပုံတွေ ကိုကိုသိမ်းထားတယ်တဲ့လားး။

နောက်တစ်ပုံ မှာတော့ခါးမျက်ဝန်းတွေပြူး
ကျယ်ကာရပ်တန့်သွားရတော့သည်.။

ဒါဦးထွန်း ပို့တာမဟုတ်ပေ။ဦးထွန်းက ခါးကို
လိုက်ပို့ပြီးနှစ်ရက်အကြာမှာ ပြန်သွားသည်
ကြောင့်ဒီပုံကဦးထွန်းဆီမှလုံးဝမဖြစ်နိုင်ပေ။
သို့ဆိုလျှင်.............။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now