သီချင်းရေးနေရာကနေခေါင်းပေါ်တည့်တည့်
မှာသာနေလေသည့် လခြမ်းငယ်လေးကိုမျှော်
ကြည့်နေမိလေသည့်ခါး။လက်ထဲကဂစ်တာအိုကို တဒေါင်ဒေါင်ခေါက်
ကာ သံစဉ် ရှာနေပေမယ့် စ်ိတ်က အဝေး
မှာသာနေလေသည့်လခြမ်းလေးဆီမှာသာ...။မနက်ဆို ကော်ဖီဆိုင်မှာ အလုပ်ဝင်ရဦးမည်ကြောင့်
အိပ်သင့်နေချေပြီ။သို့သော်လည်း အိပ်စက်နိုင်ဖို့
ခက်ခဲနေလေ၏။ကိုဇွဲက ဒီအိမ်လေးမှာ ကြိုက်သလောက်နေလို့
ပြောပေမယ့် သူများဆီ ကျေးဇူးကြွေးမတင်
ချင်တာကြောင့် လစဉ်ပေးနဲ့ ငှါးနေလိုက်သည်...။မယူပါဘူး အတင်းငြင်းတဲ့ကိုဇွဲကိုနားဝင်အောင်
ပြောလိုက်ရသေးသည်။သူများတွေနဲ့လိုက်၊သူများ
ကျွေးတာစားနေတာလားလို့ မေးခဲ့သူရှိခဲ့သည်ပဲ။
ဟင့်အင်း။ဒီအချိန်ထိအပင်ပန်းခံကျွေးမွေးလာပေး
တဲ့ကိုကို့မျက်နှာအိုးမဲမသုတ်နိုင်ပေ။ကိုယ့်ဘာသူ
ရပ်တည်နိုင်အောင်ကြိုးစားမှာပါလေ။သူကိုယ်တိုင်ရေးထားတဲ့သီချင်းတွေများစွာထဲမှ
တစ်ပုဒ် ဝယ်သူရှိသွားသည်မို့လတ်တလောအသုံးစားရိတ်လေးတော့ကာမိထားသည်။များလှသည့်
ငွေမဟုတ်သော်ငြား ခါးတစ်ယောက်စာအတွက်
ယာယီတော့လုံလောက်နေသည်ပင်။ကော်ဖီဆိုင်ကရတဲ့လစာနည်းနည်းကအိမ်လခပေး
နိုင်ရုံလေးသာ။သို့သော် ဤမျှလောက်လေးနဲ့တော့
ခါးစိတ်ညစ်ရခြင်း၊စိတ်ဓာတ်ကျခြင်းမရှိချေ။ဖုန်းဝင်လာတာကြည့်လိုက်တော့ ကိုဇွဲ....။
Sim card အသစ်ထည့်ထားတာမို့ လူရင်း
တချို့တလေပဲခါးဆီအဆက်အသွယ်လုပ်နိုင်ပေ
သည်။အဖေတစ်ယောက်လိုချစ်ခင်အားကိုးရပါ
သောဦးထွန်းတောင် ခါးနံပါတ်သိမည်မဟုတ်ပေ။
ကိုယ့်လုပ်ရပ်ကြောင့် ဦးထွန်းကိုတောင်အဆက်
အသွယ်ဖြတ်ထားခဲ့ရသည်ပဲ။"...hello မအိပ်သေးဘူးလား ကိုဇွဲ.."
"ငါမင်းကိုပြောဖို့ မေ့နေလို့ဟေ့ အိပ်ပျော်
ခါနီးမှသတိရတယ် မနက်ကျပြန်မေ့မှာစိုးလို့
ဖုန်းထဆက်ရတာ.."