ရက်ပိုင်းလေးအတွင်းရောက်လာတော့မည့်
ဆယ်တန်းစာမေးပွဲကြီး။ခါးတစ်ယောက်တော့
ဂိမ်းအဆော့မပျက်။ရန်ပွဲမပျက်ပင်။ဖြိုးလေးနဲ့ နောင်နောင်ကနီးကာမှသွေးပျက်နေ
ပြီး ပျာယာခတ်ကာ စာကြည့်နေကြသည်။
ဂိမ်းဆိုင်သွားရအောင် ခေါ်လျှင် ခေါင်းတခါ
ခါ လက်တခါခါ ငြင်းလွှတ်ကြသည်။ဆိုတော့ကာ
ခါးလဲ အီးယောင်ဝါးနဲ့ စာပြန်ကြည့်ဖြစ်တော့လေ၏။စာကြည့်နေချိန်အတွင်း ဦးထွန်းက လက်ဖက်လာပို့လိုက် ၊နွားနို့ လာပို့လိုက် ၊အိပ်ချင်ပြေအသီးတွေ
ခွဲပြီး လာပို့လိုက်နဲ့မို့ ခါးမနေနိုင်ပဲ အသာရယ်မော
မိရတော့၏။"ဦးထွန်းရေ တော်ပါတော့..."
"ဘာတုန်းဟ..စာကြည့်နိုင်အောင်လို့လေ..
အားရှိမှ စာလုပ်နိုင်မှာပေါ့....""ကိုယ်ဘာသာကို စာလုပ်နေတာအကောင်း
အိုက်ရာတွေ စားပြီးမှ ခါးကဗိုက်လေးပြီး အိပ်
ချင်လာရော""အဲ့ဒါဆို ကော်ဖီ ခါးခါးလေး ဖျော်ပေးမယ်လေ...."
"မရဘူး ကော်ဖီသောက်လဲ အိပ်ချင်မပြေဘူး ကို
ယ့်ဘာသာ အိပ်စရာရှိတာအိပ် ပူမနေနဲ့ အချိန်
တန်ရင်အောင်မှာပဲ.."*အော် အေးပါကွာ သူ့ကို အားပေးရမလားမှတ်ပါ
တယ် သူက ပြန်နှစ်သိမ့်နေသေး...*"ပြီးရော ပြီးရော အဲ့ဒါဆို အိပ်တော့မယ်.သိပ်ညဥ့်
မနက်စေနဲ့ စာမေးပွဲပြီးရင် လိုချင်တာပြော ဝယ်
ပေးမယ်....""တကယ်လား"
"တကယ်ပေါ့ဟ ကြိုးစားတဲ့ခွေးကလေးကို
ဆုချရမယ်လေ...."*အမလေး ဝတ္တရားအရ ကြည့်နေရတာ ၁၀တန်း
ကျောင်းသားတိုင်း လမ်းပေါ်မှာ အစအနတောင် ရှာမတွေ့တဲ့ချိန် gameဆိုင်သွားရတာ ဘယ်သူ့
မှ ဂရုမစိုက်ပေမယ့် မျောက်နှစ်ကောင်ပါ ခေါ်မရလို့
ဒီစာတွေထိုင်ကြည့်နေရတာလို့*ကြိုးစားတယ်ဆိုတော့လဲ ကြိုးစားတယ်ပေါ့။
"ကိုကို့ ဆီက ခွင့်ပြုချက် တစ်ခုသာတောင်းပေးး"
"ဘာလုပ်ချင်ပြန်ပြီလဲ၊မြွေမဖမ်းနဲ့နော်"
"မန်းလေးအိမ် လိုက်နေခွင့်..."