21

380 36 0
                                    


"ဘယ်သူကခွင့်ပြုလို့လဲ၊ဘယ်တုန်းကဆုံးဖြတ်ခွင့်
ရှိတယ်လို့ ထင်သွားတာလဲ။ပြောချင်တာပြောပြီး
ထွက်သွားလို့ရလား"

"မင်း အတော်ဆိုးတဲ့ကောင်.."

မွေယာကို လက်သီးဆုပ်နှင့်တဖုန်းဖုန်းနဲ့ထုကာ
ဖွင့်ချမိသည်...။

ခါးထွက်သွားတဲ့နေ့ကတည်းကအလုပ်တွေဖိလုပ်ကာအာရုံပြောင်းနိုင်အောင်ကြိုးစားမိပေမယ့်ပိုပြီး
စိတ်နှစ်လေ ပိုပြီးအသိစိတ်လွတ်ချင်လေ။မခံနိုင်
တဲ့အဆုံးအလုပ်ထဲလဲစိတ်မဝင်စားနိုင်တော့။သို့
သော်အသိစိတ်ဝင်တိုင်းအလုပ်ထဲစိတ်ကိုပြန်ပြန်
ဆွဲခေါ်မိသည်။စားချင်စိတ်လဲမရှိ၊အိပ်ချင်စိတ်လဲမရှိတော့သလိုပင်။တစ်နေ့ကိုသုံးနာရီလောက်သာပင်ပန်းကြီးလွန်းစွာ အိပ်ပျော်လေ၏။

နှစ်လဆိုတဲ့အချိန်ကာလအတွင်းမှာ လူက သွေး
မရှိတဲ့ အရုပ်တစ်ရုပ်လို ဖြစ်နေပြီ။ပြောင်းလဲသွား
တဲ့သူရဲ့ရုပ်နဲ့ခန္ဓာက အတော်လေးချိနှဲ့နေပါလေ၏။

ရေချိုးပြီးအောက်ထပ်ဆင်းလာသည့်အချိန်တစ်
လျှာက် ရင်ညွန့် အောက်နားဆီက တစ်ဖြည်းဖြည်း အောင့်လာခဲ့ပြီးရပ်နိုင်စွမ်းပင်မရှိတော့စွာဧည့်ခန်းကဆိုဖာပေါ် ငြိမ်ငြိမ်လေးထိုင်နေလိုက်ရသည်။

ပိိုပိုပြီးနာကျင်လာသည့် ရင်ဘတ်ကြောင့်မတ်မတ်
တောင်မထိုင်နိုင်တော့ပေ။ခန္ဓာကိုယ်ကိုကွေးညွတ်
ထားပြီးချွေးစီးတွေစိမ့်ထွက်လာလေတော့၏။

"သားမောင်"

"သားမောင် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"အား"

"အင်း...."

"ကျွန်တော့်ဖုန်းထဲက ကျော်စိုးဆိုတဲ့နံပါတ်ကို
ခေါ်လိုက် မမျိုး"

"အေး အေး"

မမျိုးတစ်ယောက် လက်တုန်ခြေတုန်နဲ့ ခေါ်နေ
ပေမယ့် ဖုန်းကတော်တော်နဲ့ မကိုင်။ဆေးရုံမှာမို့
အလုပ်များနေလောက်သည်။

စိတ်ငြိမ်ငြိမ်ထားပြီးနာကျင်မှုကို ဥပက္ခာပြုနိုင်ဖို့
ကြိုးစားလဲ အချည်းနှီးသာ။အသားစတွေနာကျင်
တာမျိုးမဟုတ်ပဲအတွင်းကလီစာတစ်ခုခုလောင်
ကျွမ်းနေသလိုပင်။တစ်ချက်တစ်ချက်စူးကနဲ
အောင့်တက်လာတိုင်းအံတွေပါကျိတ်မိရသည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now