21(uni)

168 14 0
                                    

သော်တာမောင်သက်သာပြီဆိုပေမယ့်ခရီးပမ်းရင်နေမ
ကောင်းပြန်ဖြစ်မှာစိုးသည်ကြောင့်ပြန်မယ့်ရက်ကို
နောက်ဆုတ်လိုက်ကြသည်။ကံအကြောင်းလှတော့
သည်းသည်းထန်ထန်ရွာတဲ့မိုးတွေရပ်စဲသွားပြီးနေ
သာလာခဲ့ချေ၏။ထို့ကြောင့် ခါးတို့မိသားစုသုံး
ယောက်ရယ်၊ဖြိုးလေးရယ်နောင်နောင်ရယ်ဟိုဟို
ဒီဒီလည်ပတ်စားသောက်ကြဖို့လူစုဖြစ်သွားကြ
သည်။

မိုးကုတ်မြို့လေးကတောင်တွေပတ်လည်ထားပြီး
ချိုင့်ဝှမ့်ပုံသဏ္ဍန်အတွင်းတည်ရှိတာကြောင့်ဒယ်
အိုးမြို့ဟူ၍လဲတင်စားခေါ်ဝေါ်ကြလေ၏။ပတ္တမြား
မြေတစ်ဖြစ်လဲမိုးကုတ်မြို့လေးကရှမ်းပြည်မြောက်
ပိုင်းကုန်းမြေမြင့်ပိုင်းမှာပါဝင်ပြီးပင်လယ်ရေမျက်နှာ
ပြင်အထက်ပေ၄၀၀၀ကျော်မှာတည်ရှိလေ၏။
ရှမ်း၊ပလောင်ဝ်၊လီဆူအစရှိတဲ့တိုင်းရင်းသားတွေ
စုစုစည်းစည်းရှိနေမြို့ဖြစ်ပြီးဘာသာသာသနာထွန်းကားရာမြို့လဲဖြစ်ပေသည်။

တန်ခိုးကြီးဘုရားများစွာရှိပြီးအလှူအတန်းရက်ရောလွန်းတဲ့မြို့လေးလည်းဖြစ်ချေ၏။

ခါးတို့မိုးကုတ်မြို့လေးကအရှေ့ပိုင်း၊အနောက်ပိုင်း
ဆိုပြီးခွဲခေါ်ကြပြီးအနောက်ပိုင်းကိုကျပ်ပြင်မြို့ဟု
ခေါ်ဆိုကြ၏။အရှေ့ပိုင်းအနောက်ပိုင်း ခုနှစ်မိုင်
လောက်သာဝေးပြီးဆိုင််ကယ်နဲ့ဆိုခဏသာမောင်းရ၏။ခါးတို့အစီအစဉ်မှာအရှေ့ပိုင်းမှာရှိတဲ့ ချမ်း
သာကြီးဘုရား၊ဖောင်တော်ဦးဘုရား၊နဲ့ပတ္တမြားစေ
တီကိုအရင်ဝင်ဖူးကြပြီးသည်နှင့်အနောက်ပိုင်းကိုသွားလည်ကြဖို့ပင်။ဆိုင်ကယ်တွေနဲ့သာသွားကြ
မှာဖြစ်ပြီးမိုးရွာခဲ့လျှင်တစ်ဆိုင်ဆိုင်ဝင်နားကြမှာပင်။

"ကိုကိုရေ အဲ့ဒီအကျႌအပါးလေးနဲ့မရပါဘူးခင်ဗျာ...
အပေါ်ထပ်ထူထူဝတ်ခဲ့ပါ...."

"နေပူနေပြီလေကလေးရဲ့..."

"ဆိုင်ကယ်လေတိုးလိမ့်မယ် လာခါးရှာပေးမယ်"

"ဗိုက်ဆာနေပြီ..."

"ဟုတ်ပါပြီကိုကိုရဲ့ မြန်မြန်လေးဝတ်ပြီးသွားစို့"

ခါးနဲ့ကိုကိုကတစ်စီး၊ဖြိုးလေးနဲ့ဦးထွန်းကတစ်စီး၊
နောင်နောင်ကတစ်စီး။ဆိုင်ကယ်သုံးစီးနဲ့လူငါး
ယောက်မြို့ထဲကလက်ဖက်ရည်ဆိုင်ဆီဦးတည်
မောင်းနှင်ခဲ့ကြသည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now