13(uni)

188 19 0
                                    

"လင်းသူရမောင်"

"ဝါး မိုက်လိုက်တာနာမည်က"

"ကိုယ် အေးချမ်းရိပ်သာကဘုန်းဘုန်းဆီကနေ့
ရက်တွေနဲ့ဇာတာတိုက်ပြီး ရွေးလာတာ
ကောင်းရဲ့လား"

"အရမ်းကောင်းတယ် ကိုကို"

"ကာယကံရှင်တွေကိုလဲမေးကြည့်ပါအုံး"

"အစ်ကို ကျွန်တော်တို့သားလေးကို ကျောင်း
နာမည်လေးရွေးပေးလို့ကျေးဇူးတင်ပါတယ်ဗျာ
ကျွန်တော်ကတစ်ကောင်ကြွက် ကျွန်တော့်မိန်းမ
ကအမေတစ်ခုသမီးတစ်ခု ကျွန်တော်တို့ကိုဒီလို
ဂရုစ်ိုက်ပေးတာတကယ်ကောင်းချီးပေးခံရတာပါ
ကျွန်တော်လေ.."

အငယ်ကောင်ခမျာစကားမဆက်နိုင်ဘဲဆို့နင့်နေ
ရှာ၏။မိန်းမဖြစ်သူကလဲရိုးရိုးအေးအေးမို့ကျေး
ဇူးတင်တဲ့အကြည့်နဲ့သာကြည့်နေရှာသည်။၃နှစ်
အရွယ်သားလေးအတွက် သော်တာမောင်ရဲ့
နောက်စာလုံးလေးပါအောင်ရွေးပေးလာတဲ့ကိုကို
က ဒီထက်မကသောရည်ရွယ်တာတွေရှိချေသည်။သားသမီးမရှိတဲ့ခါးတို့အတွက်အငယ်ကောင့်သား
လေးဟာလဲ ကိုယ်တွေသားလိုအသိအမှတ်ပြုပေး
လိုက်တာပင်။

"မင်းကျန်းမာရေးသာဂရုစိုက် အသောက်အစား
လျှော့ အသည်းယောင်တာ အရက်ဘီယာလုံးဝ
မသောက်သင့်ဘူး"

"ဟုတ်အစ်ကို ကျွန်တော်နားထောင်ပါ့မယ်"

"ဟားဟား ငါပြောရင်နားထဲမထည့်တဲ့ကောင်
ကိုကိုနဲ့မှအပိုးကျိုးတော့တယ်"

"ဟီးဟီး..."

လာမယ့်လထဲမှာခါးရဲ့၂၄နှစ်ပြည့်မွေးနေ့
ရှိသလို ခါးနဲ့၉နှစ်ကွာတဲ့ကိုကိုက မကြာခင်လအ
ခြားမှာ၃၃နှစ်ပြည့်မွေးနေ့ရှိသည်။နှစ်စဉ်မပေးဖြစ်လို့သိမ်းထားတဲ့လက်ဆောင်တွေ ခါးမွေးနေ့မှအ
ကုန်ရမှာမို့ ခါးကတိတ်တဆိတ်ပျော်နေမိတာ။ပြင်
ဦးလွင်မှာနေလို့တောင်မဝသေးချိန်မိုးကုတ်ကသူ
ငယ်ချင်းဟောင်းတွေနဲ့အဆက်အသွယ်ရခဲ့သည်။တစ်ခါလောက်ပြန်ခဲ့ပါ လို့တောင်းဆိုတဲ့ငယ်သူငယ်ချင်းတွေကြောင့် ခါးတို့မိုးကုတ်ကိုခရီးဆက်ဖို့ဖြစ်
လာခဲ့သည်။ဇွန်လအစောပိုင်းဆိုပေမယ့်မိုးပျော်တဲ့
မိုးကုတ်မြို့လေးကထင်ထားသလိုအေးနေဦးမှာ။
ဆယ်တန်းအောင်စာရင်းလေးသွားထုတ်တုန်းက
နောက်ဆုံးရောက်ခဲ့တာမို့ စိမ်းသက်နေလေမလား
လို့တွေးနေမိသည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now