10(uni)

215 22 0
                                    

အိမ်ရောက်ရင်ကဲမယ်လို့ အားခဲထားတဲ့ခါးတစ်
ယောက် အိမ်မှာကြိုရောက်နေလေတဲ့ ဦးထွန်း
ကြောင့်ကြံစည်နေတဲ့အရှိန်လေးရပ်တန့်သွားရ
ချေ၏။

ဦးထွန်းယူလာတဲ့မိုးကုတ်လက်ဆောင်လက်
ဖက်တွေမျှစ်ချဉ်တွေတောင် ဧည့်ခန်းမှာတင်ရှိ
နေဆဲ။

"ဦးထွန်း ရောက်တာမကြာသေးဘူးမလား
ထွက်လာတာနောက်ကျလို့လား"

"ဟုတ်တယ် မနက်ကဘုန်းကြီးကျောင်းမှာ ဆွမ်း
ကပ်ပြီးမှဆင်းလာတာ ဖုန်းတောင်မဆက်အားဘူး
ကားကထွက်တာလဲနောက်ကျနေတော့
လက်ပံလှမှာလည်းဝင်မနားခဲ့ဘူး ရွှေညောင်ပင်
တစ်ထောက်နားပြီး မန်းလေးအထိတန်းမောင်း
လာတာ"

"အတော်ပဲပေါ့ ခါးတို့ကမနက်ဖြန် ပြင်ဦးလွင်
တက်ရမှာ ၃ရက်လောက်"

"ဟုတ်လား ဆိုင်သွားကြည့်ရမှာလား"

"ဟုတ်တယ် အငယ်ကောင် နေမကောင်းလို့
သွားကြည့်ရမှာ ကိုကိုလဲလိုက်မှာတဲ့"

"အော် သွားကြ သွားကြ ပြန်လာမှအေးအေး
ဆေးဆေး စကားပြောတာပေါ့"

"ကိုထွန်း သော်တာက (ကျောက်တွင်း) အေးအေးဆေးဆေးပဲမလား"

"အေးဆေးပဲ ကျောက်ဈေးကတော့ ငြိမ်နေတယ်"

စကားတွေဖောင်ဖွဲ့နေတဲ့ ညီအစ်ကိုနှစ်ယောက်လေ
ပေးဖြောင့်နေချိန် ခါးကအပေါ်ထပ်တက်လာခဲ့သည်။
ကိုကိုလဲဖို့ အဝတ်အစားတစ်စုံထုတ်ထားပြီးမှ ရေချိုးတဲ့ခါး။မနက်ဖြန်ခရီးသွားတဲ့အခါကိုကိုဘာမှလုပ်စရာမလိုအောင် ကိုကို့အတွင်းခံကအစ ခါးစီစဉ်ထားလိုက်သည်။

"ခါးရေ ခါး"

"ဗျာ ဦးထွန်း"

အခန်းတံခါးဖွင့်လိုက်တာနဲ့ ဦးထွန်းနောက်ကပါ
လာတဲ့ကိုကိုက ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

"မင်းသူငယ်ချင်းတွေလေ ဖြိုးလေး လား
နောင်နောင်ရော သူတို့နှစ်ယောက် ဂျပန်မှာ
အလုပ်သွားလုပ်ကြတာ ပြန်ရောက်နေပြီ ခါး
ဖုန်းနံပါတ်ပေးပါအုံးဆိုလို့ ပေးခဲ့တယ်နော်"

"ဟုတ် ဦးထွန်း မတွေ့တာတောင်ကြာပြီ
သတိတောင်ရသွားပြီ အဆင်ပြေကြတယ်မလား
နှစ်ယောက်လုံး"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now