သော်တာမောင်မိုးကုတ်မြို့ကို လုံးဝမလာချင်ပေ..။
သူ့ လုပ်ငန်းထဲက တစ်ခုဖြစ်တဲ့ သော်တာ company ပိုင် ကျောက်တွင်းကအလုပ်သမား
တစ်ချို့ အလုပ်ထဲထိခိုက်ဒဏ်ရာရထားသည်ကြောင့်လူကိုယ်တိုင် ရောက်လာရတာပင်။လုပ်ငန်းကိစ္စအဝဝကို ကိုထွန်းကို လွှဲထားသော်လဲ ထိခိုက်ဒဏ်ရာရတဲ့ ကိစ္စမျိုးမှာတော့ သူကိုယ်တိုင် လာရောက်ခြင်းက ပိုကောင်းပေသည်။
ကိုယ်က အလုပ်သမားတွေအပေါ် စေတနာထားတော့ ကိုယ့်လုပ်ငန်းမှာကျတော့လည်း သူေဋ္ဌးတွေမလာမကြီးကြပ်လဲအလုပ်သမားတွေက သစ္စာရှိကြသည်။
အလုပ်သမားတွေရဲ့ကိစ္စ အကုန်အဆင်ပြေအောင် ကူညီပေးသူမို့ အလုပ်သမားလဲမြဲသည်။
ရောက်လာကတည်းက တစ်ပတ်လောက် အိမ်မ
ကပ်နိုင်ဘဲ တောင်ပြေး မြောက်ပြေးနဲ့ မနားရပေ။
တွင်းလုပ်သားရာကျော်ရှိတဲ့ကျောက်တွင်းမှာနေဖို့
စားဖို့ ကျန်းမာရေးကိစ္စနှင့်လိုအပ်သည့်အကူအညီ
ပေးဖို့ အစစအရာရာမလစ်ဟင်းအောင်လူကိုယ်တိုင်
နေ့တိုင်းသွားရောက်စစ်ဆေးခဲ့ရသည်။ကျောက်တွင်းမှအကျိုးအမြတ်များစွာရသော်လည်း
အန္တာရယ်များလှစွာရုန်းကန်နေရသည့်အလုပ်သမား
တွေအတွက် သူ့မှာသောကများရပါသည်။မန်းလေး
မှာလဲအလုပ်တွေတပုံတပင်ရှိလေသည်ကြောင့်သူ
ဒီကိုခဏတိုင်းလာနိုင်မည်မဟုတ်ပေ။ထို့ကြောင့်
ဒီအလုပ်တွေကိုကိုထွန်းကို
တရားဝင်လွှဲပေးဖို့ဆုံးဖြတ်လိုက်တော့သည်။ရှာနိုင်သလောက်ရှာပြီး ပြည့်စုံတာထက်ပိုနေပြီမို့ Mandalayက အလုပ်တွေပဲ အေးအေးဆေးဆေး လုပ်တော့မည်။
မနက်ဖြန် ပြန်တော့မယ်ဆိုမှ ဒီနေ့ညီအစ်ကို
နှစ်ယောက်သား အေးအေးလူလူ စကားပြော
ဖြစ်ကြလေ၏။အိမ်ရှေ့ မြေနီရောင် မြေကွက်လပ်ပေါ်မှာ
ကျောက်ခုံစားပွဲ နဲ့ ကျောက်ထိုင်ခုံ မနိမ့်မမြင့်
လေးတွေက ပတ်လည်ဝိုင်းကာ စီရီလျှက်။ညီအစ်ကိုနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ကာ ရေနွေးကြမ်းသောက်
လိုက် လက်ဖက်စားလိုက်နဲ့ စကားစမြည်ပြောဖြစ်
ကြသည်က ဟိုရောက်သည်ရောက် အကြောင်း
မျိုးစုံပါပင်။