23(uni)

166 16 0
                                    

"Good morning"

"မင်္ဂလာပါ..."

"Good morning အစ်ကိုမောင်..
ခရီးမှာပျော်ခဲ့ရဲ့လား"

"အင်း ပျော်ခဲ့ရပါတယ်ဗျာ"

"မင်္ဂလာပါ အစ်ကိုမောင်..ဝါဝါတို့အတွက်
လက်ဆောင်ပါလားဟင်"

"မင်္ဂလာပါဗျာ..ပါပါတယ် မိုးကုတ်လက်ဖက်တွေ
နဲ့မျှစ်ချဉ်တွေ အများကြီးဝယ်လာပါတယ် ရုံးဆင်း
ရင်ကန်တင်းက အဒေါ်စောဝေပေးလိမ့်မယ်...
သွားယူကြနော်"

"ဟုတ်.."

"ဝေး..ခါး"

"မဝါ မနွယ် ကိုစိုးထက် ..အားလုံးမင်္ဂလာပါ"

"သော်တာ"ကုမ္မဏီရဲ့မနက်ခင်းရှစ်နာရီအချိန်
မှာနှုတ်ဆက်သံတွေစီစီညံသွားပါလေ၏။ပုံမှန်ရုံး
တက်ချိန်ကကိုးနာရီပေမယ့် ကိုမင်းမင်းရဲ့များ
ပြားလှသောအလုပ်ပေးမှုတွေကြောင့်ရုံးချုပ်က
ဝန်ထမ်းတွေခမျာနောက်မကျရဲကြပေ။ဦးသီဟ
ထက်စည်းကမ်းတင်းကျပ်သောကြောင့်စိတ်ပင်
ပန်းရပေမယ့် လတိုင်းရတဲ့ဘောနပ်တွေကအ
မောပြေလောက်စရာမို့အလုပ်သွားရတာစိတ်မ
ပျော်စရာတော့မရှိ။ရုံးတွင်းပိုင်းကချစ်စရာအငွေ့
အသက်တွေကြောင့်လဲမိန်းကလေးတစ်သိုက်
ကဒီနေ့ပိုလို့တောင်တက်ကြွနေကြသည်။

"ကိုသားမောင် ရောက်လာပြီလား..ကျွန်တော်
ဆင်းကြိုမလို့..."

"အမလေးဗျာ ဆင်းကြိုစရာမလိုပါဘူး...မိသားစု
တွေပဲ...ဒါနဲ့ကျွန်တော်မှာတာလေးအချိန်အတိအ
ကျလုပ်ပေးလို့ကျေးဇူးပါဗျာ"

"ရပါတယ် အပန်းမကြီးပါဘူး..ကျန်းမာရေးအခြေအနေကရော"

"ကောင်းပါတယ် ကောင်းပါတယ် ရိပ်သာကလူ
ကိုအသိမပေးလိုက်နဲ့အုံး စိတ်မဖြောင့်ပဲနေမယ်"

"ဟုတ်ကဲ့ အဖေကလဲဖုန်းမကိုင်ပါဘူး"

"အင်း..နောက်တစ်ပတ်ကျရင်တစ်ခေါက်လောက်
ရိပ်သာသွားကြည့်ကြရင်ကောင်းမလားဦးသီလိုအပ်
တာများရှိရင်...."

"နားနားနေနေ အချိန်ပိုမှသွားပါ အဖေကကျန်းမာ
နေတာပဲ "

"အင်းပါ အင်းပါ အလုပ်တွေပြန်လုပ်ရမှာဆိုတော့
အတိအကျတော့မပြောနိုင်သေးဘူးရယ်..."

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now