20

412 41 0
                                    

ခါး အိမ်ကထွက်သွားပြီးတဲ့နောက် သော်တာမောင်
တစ်ယောက်သည်လဲလမ်းပျောက်နေပါလေ၏။စိတ်မကောင်းဖြစ်ရခြင်း၊ဝမ်းနည်းမိရခြင်းတွေအဖန်တလဲလဲနှိပ်စက်ခံနေရ၍ စိတ်နဲ့လူပင်ပူးပေါင်းလို
ခြင်းမရှိလေတော့။

"အစ်ကိုမောင် အစ်ကိုမောင်"

"ဟင် "

"လက်မှတ်က ဒီမှာ ထိုးရမှာလေ.."

"အော်...sorry"

"အရောင်းမြှင့်တင်ရေးအဖွဲ့ကိုလူအင်အားထပ်
တိုးဖို့ လုပ်လိုက်ရမလား အစ်ကို..အစ်ကို.....
အစ်ကိုမောင်"

"ဟင်....အင် ဘာပြောလိုက်တာလဲ....."

"................................................."

"တော်ပြီ ဒီလောက်နဲ့ ရပ်လိုက်ရအောင် "

>>>>>>>>>>>>>>>>>>>>>>>>>>>>

"က်ိုမောင် ဘယ်နေ့လောက် အဆင်ပြေမလဲ.."

"ဟင် နှင်း ဘာကိုလဲ.."

"စေ့စပ်ပွဲ ရက်ရွေးနေတာလေဘယ်နေ့အဆင်
ပြေလဲလို့...."

"sorry နှင်း ကိုယ် ခု အဆင်မပြေသေးဘူး"

>>>>>>>>>>>>>>>>>>>>>>>>>>>>

"ထမင်း စားမကောင်းဘူးလားနေမကောင်းလို့လား"

"ဟင်"

"မမျိုးချက်တဲ့ဟင်းတွေ ခံတွင်းမတွေ့ဘူးလား"

"မဟုတ်ပါဘူး ကောင်းပါတယ်စားချင်စိတ်မရှိလို့
သိမ်းလိုက်တော့ မမျိုးဒီရက်ပိုင်း လာမချက်ပေး
နဲ့တော့ ကျွန်တော် ရုံးမှာပဲ စားတော့မယ်"

"အော......"

>>>>>>>>>>>>>>>>>>>>>>>>>>>>

"သော်ကြီး ဖုန်းတွေ ဒီလောက်ခေါ်နေတာ
ဘာလို့မကိုင်တာလဲတစ်ခုခုများဖြစ်နေလားလို့
စိတ်ပူလို့ သေတော့မယ်"

"ကျော်စိုး ငါ့ကိုအိပ်ဆေးလုပ်ပေး ငါ ညည အိပ်
မပျော်ဘူး..."

"အိပ်ဆေးသောက်တိုင်း ကောင်းတာမဟုတ်ဘူး"

"ဒါဆိုလဲ ငါ့ကိုသောက်ဖို့ နှစ်တောင့်လောက်
ဝယ်လာပေးခဲ့"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now