18(uni)

189 14 0
                                    

ဘောလုံးကွင်းထဲမှာအကျႌချွတ်လိုက်တဲ့အပြစ်
ကြောင့်ခါးဒဏ်ပေးခံရပါလေ၏။ထိတာ၊ကိုင်တာ
ဖက်တာ၊အတူတူအိပ်တာ လုံးဝလုပ်ခွင့်မရှိ။ပြစ်
ဒဏ်ကာလ ၅ရက်။ဒီနေ့ဆိုခွဲအိပ်ရတာနှစ်ရက်
မြောက်နေ့။

ဘုန်းကြီးကျောင်းကိုသွားလိုက်လာလိုက်နဲ့ခါးကို
အရေးမလုပ်ပေ။ဦးထွန်းလဲပြန်ရောက်နေပြီမို့အ
ဖော်လဲရနေတော့သည်။

"ကိုကို ခါးအပြင်သွားမလို့နော်"

"သွားပေါ့"

"ပြန်လာရင် လက်ဆောင်ယူခဲ့မယ်ကိုကို့အတွက်"

"စိတ်မဝင်စားဘူး"

"ကိုကိုများနေပြီကွာ စိတ်လေးလျှော့ပါတော့
နောက်တစ်ခါမလုပ်တော့ဘူးလို့ပြောပြီးပြီလေ"

ခါးကပြောရင်းကိုကို့နောက်ကျောကနေလှမ်းဖက်
မယ်ပြင်တာနဲ့ကိုကိုကဦးအောင်ရှောင်သွားတော့
လေ၏။မချင့်မရဲကျန်ခဲ့တဲ့ခါးကို ဦးထွန်းကပြုံးတုံ့
တုံ့လုပ်ရင်းခေါင်းသာယမ်းနေတော့သည်။

"ကိုထွန်း ပြီးရင်သွားစို့လေ"

"အေးအေး "

"ကိုကို အပြန်ကျခါးလာကြိုမယ်နော်"

အဖြေစကားပြန်မပေးပေမယ့်လာကြိုစေချင်မှန်းခါး
သိသည်။ခါးတို့မိုးကုတ်ရောက်တာတစ်ပတ်တောင်
ရှိနေပြီ။နေ့စဉ်မိုးတွေကရွာလိုက်ရပ်လိုက်နဲ့ခြောက်
သွေ့တဲ့ရက်ကိုသိပ်မရှိပေ။

"ဒီမိုးနဲ့ လမ်းကပြင်လို့ရဦးမှာမဟုတ်ဘူး မိုးကုန်မှ
ပြင်ရတော့မယ်"

"ဟုတ်တယ် ကိုထွန်း စောင်းတန်းအမ်ိုးလွတ်တဲ့
လမ်းတွေသိပ်မချောအောင် ကျောက်ခဲတွေပဲဖို့
ခိုင်းရတော့မှာပဲ မဟုတ်ရင်ဆွမ်းခံကြွတဲ့ကိုယ်တော်
တွေချော်လဲမှာစိုးရတယ်"

"အင်း "

"ဒီအချိန်လာတာသိပ်မကောင်းဘူး မိုးရွာတာများ
ရင်ရေကြီးတတ်တယ် သတင်းကျွတ်တို့ တပေါင်း
လတို့လောက်လာရမှာ"

" ပြင်ဦးလွင်ကနေ လမ်းသင့်နေတာနဲ့လာလိုက်
တာ ခါးလဲသူ့သူငယ်ချင်းတွေနဲ့တွေ့ချင်တယ်ဆို
လို့"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now