11(uni)

214 22 0
                                    

"ငွေသော်တာ"

မရောက်တာကြာပြီဖြစ်တဲ့ကိုယ့်ဆိုင်လေးကိုခါး
ခဏတဖြုတ်ငေးမိသွားသည်။ကိုယ့်ရဲ့ရှင်သန်ရာ
မျှော်လင့်ချက်တွေ လွမ်းဆွတ်မှုတွေ သိမ်းဆည်းရာနေရာလေး။ ဆိုင်နာမည်လေးရွေးတုန်းက နှစ်
ခါစဉ်းစားစရာမလိုအောင်တစ်ခါတည်း ရေရွတ်မိ
ခဲ့တဲ့ နာမည်လေး။

အရင်ထက်ပိုပြီး ခေတ်မှီ ပိုပြီးအနောက်တိုင်းဆန်သွားတဲ့ ဆိုင်လေးက သစ်ပင် ပန်းပင်တွေကြားမှာ ဆိတ်ငြိမ်စွာထည်ဝါလျှက်သား။

ဦးသီ ကျေးဇူးကြောင်လည့်တောင်ကြည့်စရာမ
လိုအောင် အဆင်ပြေလွန်းပေမယ့် အငယ်ကောင်
ဆိုတာ ကိုယ်ဒုက္ခရောက်နေချိန်မှာ ဖေးမခဲ့သူ။
အိမ်ထောင်ကျပြီးလို့ ကလေးတစ်ယောက်အဖေ
အငယ်ကောင်က ငွေသော်တာ မှာဘဝကို မြှပ်နှံ
ထားသူ။သူ့ရဲ့ခက်ခဲသောဘဝလမ်းမှာဖေးမပေး
ခဲ့သူတစ်ယောက်။

"ခါး"

"အွန်း ကိုကို လာ"

အရင်တစ်ခါကိုကို လိုက်လာတုန်းက ခုံဟောင်း
လေးတွေမရှိတော့ဘဲdecoration တွေပြောင်းလဲနေကုန်ချေပြီ။

"ခါး လား"

"အော ဟုတ် ဒီက..အငယ်ကောင့်.."

"ဟုတ်တယ် အစ်မက ကိုငယ့်အမျိုးသမီးပါ
လာမယ်လို့ ကြိုပြောထားတယ် ထိုင်ကြအုံးး
ရေနွေးကြမ်းယူပေးမယ်"

"ဟုတ် အငယ်ကောင်ရော နေမကောင်းတာ
ဘယ်လိုနေသေးလဲ"

"အသည်းယောင်တာ တဲ့ အခုတော့သက်သာ
နေပါပြီ ခါးကိုတွေ့ချင်လို့ဆိုပြီး လာအောင်ခေါ်
တာ"

"အော အခုရော ဘယ်ရောက်သွား"

"ပန်းဝယ်သူတွေရှိလို့ ခြံဘက်လိုက်သွားတယ်"

"အော ဖုန်းနံပါတ်ကပြောင်းလိုက်တာလား
ခေါ်မရလို့"

""ဟုတ်တယ် မပြောမိလိုက်ဘူး စောင့်အုံးနော်
စတော်ဘယ်ရီခြံထွက်လေးတွေဖျော်ပေးမယ်""

သဘာဝပတ်ဝန်းကျင်နဲ့စိမ်းလန်းစိုပြည်နေတဲ့နေရာ
မှာ ခါးရဲ့ကိုကိုက ပိုပြီးလွတ်လပ်ပေါ့ပါးနေသည်။ကို
ကို့အလုပ်တွေနဲ့တင် ကော်ဖီဆိုင်ကိုမကြည့်နိုင်မယ့်
အတူတူ အငယ်ကောင်မိသားစုကို အပြည့်အဝပေး
လိုက်ရင်ကောင်းမယ်ထင်၏။ကော်ဖီဆိုင်ဝင်းထဲ
ခပ်ပြင်းပြင်းလီဗာသံနဲ့မောင်းဝင်လာတဲ့ဆိုင်ကယ်တစ်စီးကြောင့် အာရုံစိုက်လိုက်မိသည်။ရင်းနှီးတဲ့
လူနှစ်ယောက်ကိုအမြင်မှာခါးကဦးအောင်နှုတ်
ဆက်လိုက်သည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now