32(ending)uni

461 31 3
                                    


သော်တာမောင့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ
online ပေါ်ကသတင်းတစ်ပုဒ်ကြောင့်လူအများ
အာရုံစိုက်စရာဖြစ်နေခဲ့ပါလေ၏။ထိုအာရုံစိုက်စရာ
ကိစ္စကိုဖန်တီးသူတို့မှာ သော်တာမောင်နှင့်မိုးခါး
သာဖြစ်ပါလေ၏။

You Tubeမှာလတ်တလောလူကြိုက်အများ
ဆုံးသီချင်းရေး/ဆိုသူ မိုးခါးနှင့်စီးပွားရေးလုပ်ငန်း
စု၏အကြီးအကဲသော်တာမောင်တို့၏ အချစ်ရေး
သတင်း။အိမ်ထောင်ရေးသတင်း။

သော်တာကုမ္ပဏီအဆက်အဆက်တွေကလွဲရင်
အားလုံးဟာ တအံ့တသြနှင့်မယုံကြည်နိုင်ဖြစ်နေ
ကြပါလေ၏။ခရီးဝေးရောက်နေတဲ့နေမျိုးရယ်၊မ
အားလပ်လို့ဖုန်းဆက်ကာမွေးနေ့ဆုတောင်းပေး
ခဲ့တဲ့ကျော်စိုးရယ်တောင်မှသော်တာမောင့်ကို
ထင်မထားကြပါချေ။လိုင်းပေါ်ဟိုးဟိုးကျော်
တဲ့အထိပေါ်တင်ချပြလာလိမ့်မည်ဟုတကယ်
ထင်မှတ်မထားခဲ့ပါချေ။

မနေ့ကမှ သော်တာမောင်နှင့်တွေ့ဆုံခဲ့သည့်
နှင်းသက်လွင်သည်လဲ အံအားသင့်မှုကြောင့်
မနက်ခင်းတစ်ပိုင်းလုံးတောင်စိတ်နဲ့လူနဲ့မကပ်
တော့ပေ။သာမာန်ထက်ပိုတဲ့သံယောဇဉ်ရှိနေ
မှန်းတော့ ရိပ်မိခဲ့သော်ငြား ယခုလိုတုန်လှုပ်ဖွယ်
အခြေအနေကိုတော့နည်းနည်းမျှမသိရှိခဲ့ပါချေ။
မိမိအသိုင်းအဝိုင်းမှလဲမည်သည့်သတင်းပေးမှုမှ
မရှိခဲ့ခြင်းကြောင့် နည်းနည်းလေးတောင် သံသယ
မဝင်မိခဲ့ပေ။ဆိုတော့....
သူမနှင့်အဆင်အသွယ်တစ်စိုးတစိမျှမလုပ်ခဲ့တဲ့
အစ်ကိုမောင်က သူ့မွေးစားသားဆိုတဲ့ခါးနှင့်ဒီလို
ဇတ်လမ်းတွေရှိနေတာတဲ့လား။သူမအနေနှင့်
နှစ်တွေအများကြီးကြာသွားပြီးချိန်အထိ သတိရ
နေခဲ့ရပြီးတွေ့ချင်လွန်းတဲ့စိတ်နှင့်မြန်မာပြည်ပြန်
လာခဲ့မိတာကိုအင်မတန်နောင်တရမိချေတော့
သည်။

သော်တာမောင်၏ စီးပွားရေးလုပ်ငန်းအတွက်
သာဖွင့်ထားတဲ့ pageမှာupdateလုပ်လာတဲ့
သတင်းထူး။ သော်တာမောင်ရယ်၊ခါးရယ်အလယ်
က သားငယ် လင်းသူရမောင်လေးရယ်
ကလေးငယ်ကိုအလယ်မှာပွေ့ထားပြီးနှစ်ယောက်
ဦးခေါင်းချင်းထိစပ်နေလေသည်မှာ ရင်းနှီးကျွမ်းဝင်
လွန်းမက ကျွမ်းဝင်လွန်းနေသောအနေအထား။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးМесто, где живут истории. Откройте их для себя