9(uni)

194 23 0
                                    

ဖလက်!

လက်မောင်းကိုဝင်တိုက်တဲ့စက္ကူစွန်လေးတွေ။
ခါးအိမ်က ထွက်သွားချိန်တုန်းကထားခဲ့တဲ့စာလေး
တုန်းကလိုဘဲ ကျစ်ကျစ်လစ်လစ်သေသေသပ်သပ်
ခေါက်ထားတဲ့ စွန်လေးတွေ။ သော်တာမောင်အ
လုပ်စားပွဲခုံနေရာတဝှိုက်မှာ ပျံ့ကျဲနေသည်။ဘာမှ
အမှုမထားသလိုဘေးကစက္ကူပုံးထဲထပ်ထည့်လိုက်
သော်ငြားအနီးအနားကျနေတဲ့ စွန်လေးတွေကို မကောက်ဘဲ မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။

"ကိုကို ကိုကို ဖတ်ကွာ"

ပြင်ဦးလွင်သွားမယ့်ရက်နီးလာလေ ကိုကိုက
ရှောင်ဖယ်လာလေမို့ အလုပ်များနေတဲ့ကြားက
ခါးမှာချော့ဖို့ကြိုးစားနေရသည်။

"ခါး ထလာရမှာလား ပြော"

"အလုပ်လုပ် စကားမများနဲ့"

"မဖတ်ချင်ရင်လဲ အမှိုက်ပုံးထဲ တစ်ခါတည်း
ထည့်လိုက်လေ ဘာလို့ ပုံးထဲသိမ်းနေသေးလဲ"

"အားရင် ထည့်လိုက်မယ်"

အလိုမကျဘဲ မှုန်တည်သွားတဲ့မျက်နှာနဲ့ခါးက
ထိုင်ရာမှထကာရုံးခန်းအပြင်ဖက်သို့ခြေလှမ်းလိုက်
ချေသည်။

"အပြင်ခဏနော် ဆေးလိပ်တစ်လိပ်လောက်
သွားသောက်မလို့"

"အင်း"

အပေါ်ဆုံးခေါင်မိုးထပ်ရောက်တာနဲ့ လေပူတချို့
ရဲ့အထိအတွေ့ကိုခံစားလိုက်ရသည်။

ကိုကို့ရုံးခန်းထဲ ပြောင်းလာစကတော့ နှစ်ယောက်
ကြည်ကြည်နူးနူးအလုပ်လုပ်နိုင်ခဲ့ကြတာ။သဘက်ခါ သွားမယ်နော်လို့ အသိပေးလိုက်ချိန်ကစလို့ ကိုကိုကခါးကို ရှောင်လာသည်။ ဇွတ်အတင်းလိုက်မေးတော့ ပြောလာတဲ့ပုံကြောင့် ရင်ထဲနေလို့အဆင်မေ
ပြတော့။

"ခွဲနေနိုင်အောင် ကြိုလေ့ကျင့်နေတာ"တဲ့။

ကလေးဆန်လိုက်တာ ကိုကိုရာလို့ အပြစ်မတင်
ရက်ပေ။ကိုကိုဆိုတာ ခါးနဲ့ကျမှ မနေဖူးတဲ့ပုံစံ၊
မဖြစ်ဖူးတဲ့ ခံစားချက်တွေ ဖြစ်လာရှာတာ။အများ
အားဖြင့် လူကြီးဆန်ဆန်လေး ဆုံးဖြတ်နိုင်အောင်
ကိုကို ထိန်းတာခါးသိတာပေါ့။ခါးနဲ့ လိုက်တိုင်းပြီး
လူကြီးမပီသလိုက်တာ ဆိုတာမျိုးမဖြစ်အောင်
စိတ်ဆိုးရင်လဲ မြန်မြန်ပြေတယ်။စိတ်ကောက်ချင်
ရင်လဲ ထိန်းတယ်။မလွန်ဆန်နိုင်တဲ့ ခံစားချက်တွေ
စုစည်းလာရင်တော့ ကိုကိုလဲ ရှက်တယ်ထင်ပါရဲ့။
တကယ်ဆို ခါးကအကြီးဖြစ်ပြီး ကိုကိုက အငယ်
ဖြစ်ရမှာ။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now