29

984 55 7
                                    

ကုတင်ဘေးကပ်ရပ်မှ ပြတင်းပေါက်ကို ဖွင့်လှစ်ထားပြီးလရောင်က ခါးတို့နှစ်ယောက်အပေါ်
တိတ်ဆိတ်စွာဖြာကျနေသည်။

သော်တာမောင်က ခေါင်းအုံးနှစ်လုံးဆင့် မှီထားပြီးခါးကသူ့ရင်ခွင်နားမှာ။နီးကပ်နေတဲ့အကွာအဝေး
ကြောင့်တစ်ယောက်ဆီကတစ်ယောက်ကိုယ်
သင်းနံ့လေးတောင်ရှူရှိူက်လို့ရနေသည်။

တစ်ချက်တစ်ချက် လွှင့်ပျံ့လာတတ်သည့် ညမွှေး
ပန်း အနံ့လေးလည်းရနေပြီး လရောင်ရယ်၊ပန်းရနံ့ရယ်တစ်ဖက်လူ၏ညင်သာတဲ့အသက်ရှူသံရယ်ရော
ယှက်နေသည့်အချိန်မှာ အင်မတန်ကိုမှအိပ်မက်
ဆန်လွန်းလှပေသည်။

တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထား
ပြီးခေါင်းချင်းထိတိုက်နေကြပုံမှာ အရမ်းကိုမှမျက်
စိအေးဖွယ်မြင်ကွင်း။

"ကိုကို ဒေါ်နှင်းသက်လွင်နဲ့ ဘယ်လို ဖြစ်သွား
ခဲ့တာလဲ"

နဖူးပေါ်ဝဲနေတဲ့ ဆံစလေးတွေ သပ်တင်ပေးရင်း
ငုံ့ကြည့်လာသူ။ပြန်မော့ကြည့်နေတဲ့ခါးကိုနူးညံ့
ငြင်သာတဲ့အပြုံးတစ်ပွင့်နှင့်ခပ်ဟဟဆိုလာခဲ့သည်။

"မင်းထွက်သွားတဲ့နောက် ကိုယ်ဘာမှ အာရုံ
မစိုက်နိုင်တော့တာ။အဲ့ဒီအချိန်ကမင်းကို
စိတ်ပူတာတစ်ခုတည်း သိတော့တယ် ကိုယ့်
ဘာကိုယ်တောင်မနည်းရပ်တည်နေရတာ"

*ကိုကို*

"ကလေး ဘယ်လိုနေမလဲ၊ဘယ်လိုအိပ်ရရှာမ
လဲ ဘယ်လိုများစားသောက်နေရှာမလဲလို့"

ခါးကိုကို့ရင်ခွင်ထဲ ထပ်တ်ိုးဖက်မိသည်။ "ကိုယ်"
လို့ပြောင်းသုံးလာတဲ့ အသံလေးက ချစ်စရာ။

"ကြာတော့ ကိုယ်စိတ်မပါဘူးဆိုတာသူလဲ
သိသွားပြီး အဆက်သွယ်သိပ် မလုပ်တော့ဘူး
ဦးသီကလဲကိုယ့်ကိုအတိအလင်း မေးလာတော့ စေ့စပ်ပွဲဖျက်ပေးပါလို့ တောင်းဆိုလိုက်တာ"

".....အော"

"အဲ့ဒီကတည်းက တွေ့လဲမတွေ့ဖြစ်တော့ဘူး
ကိုယ် တောင်းပန်ဖို့ သတိလဲမရခဲ့ဘူး
ကိုယ့်မှာ မင်းစိတ်နဲ့ ရူးမလိုဖြစ်နေခဲ့တာ"

"တောင်းပန်ပါတယ် ကိုကို"

"ကိုယ့်အပြစ်ကိုယ်သိရင် ကိုယ့်နား
လိမ်လိမ်မာမာနေ"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now