နှစ်ဆန်းတစ်ရက်နေ့တွင်သော်တာမောင့်အိမ်၌
ဆရာတော်သုံးပါးပင့်ကာ ဆွမ်းကပ်လေ၏။မမျိုး
နှင့်အဖော်ရအောင်နှင်းသက်လွင်ကလာ
ကူပေးခဲ့သည်။ခါးကတော့ ဆွမ်းကပ်ပြီးတာနဲ့ အခန်းထဲ ပြန်ဝင်
သွားပြီး ထွက်ကိုမလာတော့ပေ။လှူဖွယ်ပစ္စည်းတွေနဲ့ ဝတ္ထုငွေ လှူဒါန်းပြီးနောက် ဆရာတော်တွေကို ပြန်လိုက်ပို့တော့နှင်းသက်လွင်မှာအိမ်တွင် နေရစ်ခဲ့လေ၏။
....ဒေါက် ဒေါက်..!!
ခါးအခန်း၏တံခါးခေါက်သံကြောင့်ဖွင့်ပေး
လိုက်တော့ဒေါ်နှင်းသက်လွင်..။"စကားခဏပြောရအောင် မိုးခါး..."
"ဘာမှပြောစရာမရှိဘူး."
ခါးကရှောင်တိမ်းကာ ထွက်လာခဲ့ပြီး ရေခဲ
သေတ္တာထဲမှ ရေတစ်ဗူးယူကာ မော့သောက်
လိုက်သည်..။နားထောင်လိုခြင်းအလျဉ်းမရှိတာ
တောင် ထိုအမျိုးသမီးကစကားဆက်ဆိုလာခဲ့
သည်။"လက်ထပ်ဖို့ကိစ္စကို အတိုက်အခံလုပ်မနေနဲ့
ထိခိုက်မှာက မင်းတစ်ယောက်တည်းနော်..."*.ပြောပြီးသားပဲ ကိုကိုဆုံးဖြတ်သလို နေပေးပါ့
မယ်လို့....*စိတ်ထဲကသာပြန်ချေပလိုက်ပြီး နောက်က လူ
ကိုထပ်ရှောင်ကွင်းလိုက်သည်...။သူပြန်ပြောချင်
စိတ်ရှိမနေချေ။"လက်ထပ်ပြီး ရင် ငါ ဒီအိမ်မှာလာနေမှာမို့
မင်းဘယ်လို လုပ်မှာလဲ.."*ဘာကို ဘယ်လို လုပ်ရမှာလဲ..*
"မင်းနဲ့ တစ်အိမ်တည်းနေလို့တော့ အဆင်ပြေမှာ
မဟုတ်ဘူး""........"
"အဲ့ဒါကြောင့်မင်းကို နိုင်ငံခြားမှာ ကျောင်းသွား
တတ်ဖို့ စီစဉ်ထားတယ်အောင်စာရင်းထွက်ပြီးမှ
ပါ"ဒီတစ်ခါတော့ခါးငြိမ်သက်မနေနိုင်တော့။
"မသွားနိုင်ဘူး..ကိုကို စီစဉ်တာလား ခင်ဗျား
စီစဉ်တာလား။လုံးဝ မသွားနိုင်ဘူးး.""မင်း ဘယ်အချိန်ထိ ကိုမောင့်ဆီမှာတွယ်ကပ်
နေမှာလဲ မင်းကောင်းဖို့စီစဉ်ပေးနေတာလေ"