5

290 32 0
                                    


အစ်မဖြစ်သူခေါ်လာတဲ့ကလေးငယ်သည် အပြင်းဖျားကာ တစ်ပတ်လုံး ဆေးရုံတင်လိုက်ရပြီးနေ
ပြန်ကောင်းလာသည်အထိဘာမေးမေး ဘာတစ်
ခွန်းမှဖြေမလာခဲ့ပေ။တိတ်ဆိတ်စွာပင်ငေးငိုင်နေ
တတ်၏။

ဆရာဝန်၏အဖြေမှာ ကလေးငယ်မှတ်ဉာဏ်
နုစဉ်တုန်းမှာ စိတ်ထိခိုက်စရာတွေ ဆက်တိုက်
ကြုံတွေ့၍ဖြစ်နိုင်သည်ဟူ၍။

ရက်လည်ပြီးတော့မှပင်အစ်မဖြစ်သူပါလာတဲ့
ခရီးဆောင်လက်ဆွဲအိတ် အသေးလေးကို ဖွင့်ဖြစ်
ခဲ့သည်။

သူမအဝတ်အစား သုံးစုံ၄ လေးစုံလောက်နှင့်
ကလေးအဝတ်တွေကခပ်များများ။တစ်လသာခြားကာ ဆုံးသွားတဲ့ ဖေကြီးနဲ့မေကြီး နာရေးကြော်ငြာ သတင်းစာ ဖြတ်ပိုင်းလေးတစ်ခု...။

မိသားစု လေးယောက် အိမ်ကြီးကိုနောက်ခံထားကာရိုက်ထားပြီး ပြုံးပျော်နေကြတဲ့ ဓာတ်ပုံ တစ်ပုံ။

နှလုံးရောဂါအတွက် ဆေးကုထားတဲ့ မှတ်တမ်း။

ကလေးရဲ့ မွေးဖွားစာရင်း....။

ငွေ ၂သိန်းတောင်မပြည့်တော့တဲ့ ဘဏ်စာအုပ်.။
မြဝတီမြို့အဝင် ဆိုင်းဘုတ်နားမှာ ရိုက်ထားသည့်
ကလေးပွေ့ထားတဲ့ သူ့အမျိုးသားနဲ့ မမဓာတ်ပုံ...။

သော်တာမောင်နောက်တစ်ကြိမ်ထပ်မကြည့်နိုင်
တော့စွာသူ့အစ်မရဲ့ပစ္စည်းတွေကို သူနေခဲ့တဲ့အခန်းထဲမှ ဗီဒိုထဲသော့ခတ်သိမ်းဆည်းလိုက်တော့သည်....။

လက်ထဲကျန်ခဲ့တဲ့ မွေးစာရင်းထဲမှာ ကလေးနာမည်က........မိုးထက်ရောင်ခြည်...။

ရှိုးကေ့စ်ပေါ်က အစ်မဖြစ်သူ၏ဓာတ်ပုံကို ငေးကြည့်
မိရကာ.....။

"မမ မမကိုကျွန်တော်ခွင့်လွှတ်ပေမယ့် သူတို့နှစ်ယောက်ကိုတော့ ခွင့်မလွှတ်နိုင်ဘူးး..."

ီဒီ မိသားစု ဒီလို မျက်ရည်ပင်လယ်ဝေအောင်
လုပ်ခဲ့တဲ့ အဲ့ဒီလူကို  အရမ်းမုန်းတယ်.....။

မမသဘောအတိုင်း ကျွန်တော် အဲ့ဒီကလေးကို
ခေါ်ထားပေးနိုင်ပေမယ့် မိုးထက်ရောင်ခြည်
ဘယ်တော့မှ မဖြစ်ရဘူးး။

"ဒီနေ့ကစပြီး သူ့နာမည်က မိုးခါး "

ရင်ဘတ်တစ်ခုလုံးအခါးဓာတ်တွေသာစီးဆင်း
နေချိန်ကိုအမှတ်ရစွာ ထိုကလေး၏အမည်ကို
ထိုသို့ပြောင်းလဲပြစ်ခဲ့သည်။

"သားမောင် သားမောင်..."

"ဟင်.."

ယောင်နနနှင့်မပီမပြင် ထူးယောင်ပြုကာအသိ
စိတ်က လက်ရှိပစ္စုပ္ပန်ကိုပြန်ရောက်လာရသည်။

ရေနွေးပန်းကန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ
တဲ့လက်ချောင်းထိပ်တွေတောင်ဖြူ
ဖျော့နေပြီး သွေးမလျှောက်တော့သလိုပင်။

ညီဖြစ်သူ၏အမူအယာကြောင့် အစ်ကိုဖြစ်သူ
ကိုယ်ကဘယ်လိုအင်အားနဲ့ဆက်ပြီးပြောထွက်နိုင်
ပါတော့မလဲ။
ဘယ်ချိန်ထိများ ဒီသောကတွေကို ထုပ်ပိုး
သိမ်းဆည်းထားအုံးမလဲလေ.။အစ်ကိုဖြစ်သူ
တစ်ယောက်အနေနဲ့တော့ ကိုယ်ချင်းမစာလို့ပြော
တာမဟုတ်။ဖြစ်ခဲ့တာတွေလဲ ဖြစ်ခဲ့ပြီ..။ဆုံးသွား
တဲ့လူတွေလဲအခုဆို အေးချမ်းရာရောက်လောက်ပြီ..။

ကျန်နေခဲ့တဲ့ ဒီ လူငယ်လေးကို စိတ်ချမ်းသာ
စေချင်လှ၏။ပျော်ပျော်ရွှင်ရွှင်နဲ့ ဝန်ထုပ်ဝန်ပိုး
ကင်းကာ ရယ်မောစေချင်လှသည်။အရာရာ တော်
လှထက်လှသည့် ကျွန်တော့်ညီမှာ ကိုယ့်ဘာကိုယ်
ပျော်အောင်နေတတ်ဖို့ ကျမှ ထုံ"အ" နေသလားလေ။

"မပြောချင်ဘူးဆိုလဲ မပြောပါနဲ့ ကိုထွန်းပဲ
ထိန်းလိုက်ပါ့မယ်ဒီကောင်လေးက ဂရုစိုက်ခံချင်
လို့ တမင်သက်သက် ဆိုးပြနေတာ...."

"ပြောမရရင်လဲ ပစ်ထားလိုက် အစ်ကို..ကျွန်တော့် အနေနဲ့ကတော့ ပျက်စီးပြီး လမ်းဘေးရောက်သွား
လဲ ဂရုမစိုက်ဘူးး"

*အင်းးး....ဖြစ်ရမယ် ဂရုမစိုက်ဘူး ဂရုမစိုက်ဘူး တစ်ကြော်ကြော်အော်ဟစ်နေသူက ဘယ်သူစား
ဖို့ ဘယ်သူဝတ်ဖို့ မနားမနေ အလုပ်တွေ လုပ်နေ
ပါသလဲလေ*

ကိုထွန်း၏အတွေးထဲကစကားကိုတော့ ယောင်
လို့တောင် ထုတ်မပြောရဲပါချေ။လူတိုင်းနဲ့အဆင်ပြေ
တဲ့သားမောင်အတွက် ခါးကသာချွင်းချက်။ဟို
ကောင်လေးကသာသားမောင်အခေါ်အပြောလေး
မျှော်လင့်နေရှာပေမယ့်သားမောင်ကတော့တူမ
တူတဲ့ခေါင်းမာမှုနဲ့အသားကျနေဆဲပင်။

တစ်ခါတလေကျတော့လဲကိစ္စတွေကကာယကံ
ရှင်နှစ်ယောက်နဲ့သာသက်ဆိုင်ပေ၏။ကြားဘယ်
လောက်ဝင်ဝင် အချည်းနှီးသာ။ဖြစ်ချိန်တန်တဲ့
အခါဖြစ်လာလိမ့်မည်ဟုသာဖြေသိမ့်ရတော့သည်။

ကိုထွန်းတစ်ယောက်စကားစရှာမရတော့သည်
အဆုံးသူ့ရှေ့က လက်ဖက်ပန်းကန်ထဲမှပဲကြော်
တွေသာ တစ်ကြွပ်ကြွပ်နဲ့ ထိုင်ဝါးနေလိုက်တော့
သည်....။

.....
...
....
....

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now