သော်တာရုံးချုပ်၏ နေရာတိုင်းမှာ တီးတိုးတီးတိုးအသံတွေပေါ်လာလိုက်ပျောက်သွားလိုက်နှင့် လှုပ်ရှားသက်ဝင်နေ၏။အကြောင်းမှာခါးလက်သူကြွယ်
မှ လက်စွပ်တစ်ကွင်းနဲ့အတူ မြင်ရခဲတဲ့ ခါးမျက်နှာအမူအယာကြောင့်ပင်။တောင်လိုပုံနေတဲ့ ရုံးအ
လုပ်တွေပစ်ပြီး နှစ်ရက်လောက်ပျောက်သွားတဲ့
သူေဋ္ဌးနဲ့အတူတူ ရုံးပြန်တက်လာတဲ့ခါးမှာ ထူးခြား
လွန်းနေသည်မို့။ဦးသော်တာမောင် ရှေ့ရောက်ရင် အင်အားအပြည့်နဲ့ပြုံးရွှင်သွားတတ်တဲ့ ခါးမှာ ပုံမှန်
ဆိုတည်တည်လေးရှိနေတတ်သူ။အခုလို ပြုံးမလို တည်မလိုနေရခက်ခက်ကြီးဖြစ်နေပုံက စိတ်ဝင်စား
ဖွယ်ရာ။ဝိုင်းအုံကြည့်မနေရုံတမယ် ကိုယ်စီအလုပ်စားပွဲကနေ မျက်လုံးတွေနှင့်လှမ်းစပ်စုနေတာမို့ ခါး နားထင်မှာ
ချွေးစတို့မသိမသာ စို့လာရလေသည်။အနေခက်ကာ မျက်နှာကို သပ်သပ်မိနေရင်းမှ လက်ကို မ
လုံမလဲ ပြန်ပြန်ချနေရသည်။နှစ်ရက်တာရုံးလစ်ထား
ခြင်းကြောင့်အလုပ်တွေမှာပုံနေလျှက်သား။"ခါး"
အလုပ်ထဲအာရုံနစ်ထားတာတောင် သတိစွဲကပ်နေသူလိုဘေးက စာရင်းကိုင်မမဝါ ရဲ့ပုံမှန်လေသံကတောင် လူကိုထိတ်ခနဲဖြစ်စေလေသည်။
"ဟင် ဟင်"
"အဲ့ဒါ ဘာလဲ"
တစ်ခွန်းတည်းပေမယ့် နောက်ဆွဲတွဲတွေပါ သိချင်
လွန်းနေတဲ့မျက်လုံးတွေက အရောင်တွေတောင်လက်လက်ထလို့။လက်ထပ်လက်စွပ်လေ လို့ ပြောင်ပြောင်တင်းတင်းပြောဖို့ အရှိန်ယူရခက်နေသည်။"အာ..."
"လိုက်ခဲ့ ဒီနေ့တော့ ကန်တင်းကို လိုက်ခဲ့ ထ "
"နေဦးလေ နားချိန်ရောက်ပြီလား"
"နာရီလေး ဘာလေးလဲကြည့်အုံး စိတ်နဲ့လူနဲ့ကပ်ရဲ့လား"
"နေပါအုံး ကိုကို့ကို.."
"မရဘူး အစ်ကိုမောင် မတွေ့ရင် လိုက်လာလိမ့်မယ်
မစောင့်နိုင်တော့ဘူး လာ "ခါးလက်က အကျီႌစကိုတင်းတင်းဆွဲခေါ်တဲ့ မမဝါ
နောက်မှာ အပေါင်းအဖော်တွေကလဲ ထပ်ကြပ်မ
ကွာ လိုက်လာကြသည်။ခါးမှာသာကိုကို့ကို နောက်ဆံတင်းရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ကိုကို့
ကိုစိတ်မချလို့ချွတ်မထားခဲ့တဲ့ လက်စွပ်လေးကို
ကြည့်ရင်း နောင်တရချင်သလိုလို။အေးချမ်းနေ
တဲ့အခြေအနေလေးကို ကိုယ်တိုင်ဖျက်ဆီးမိလိုက်
ပြီလား။