28(uni)

154 15 0
                                    


ကြည့်ရှူသူ၊ကူးယူသူ၊ဝေမျှသူအရေအတွက်တရိပ်
ရိပ်တက်နေတဲ့သီချင်းအသစ်က လူပေါင်းမြောက်
မြားစွာ၏ ရင်ထဲအတိုင်းမသိလှုပ်ခတ်သွားစေပြီး
နာကျင်ခြင်း၊ပျော်ရွှင်ရခြင်းနှစ်ခုကိုအချိုးတူပေါင်း
စပ်ဖန်တီးထားလေသောစာသားများ၌ဖော်မပြတတ်နိုင်အောင်ခံစားနှစ်ဝင်မိကြကုန်သည်။

အနှီ စာလုံးတစ်လုံးစီ၊သံစဉ်တစ်ကြောင်းစီတိုင်း
ကို အထီးကျန်ညပေါင်းများစွာဂစ်တာလေးတစ်
လက်နဲ့ရေးသားခဲ့သူခါးရဲ့စိတ်ထဲတိတ်တိတ်လေး
မျှော်လင့်မိတာက..ကိုကို ခါးရဲ့သီချင်းလေးကို
ကြားရင်စိတ်လှုပ်ရှားသွားနိုင်မလား၊နှစ်သက်မိ
လေမလား လို့။ဒါကလဲ အရမ်းကြီးမျှော်လင့်ထား
သည်တော့မဟုတ်ပါချေ။ကိုကိုနဲ့ကလေးပေါက်အ
ရွယ်ကတည်းကသိလာချိန်ကနေယခုအချိန်အထိ
ကိုကိုနှုတ်ကညည်းဆိုဖူးတာဆိုလို့သခင်ဆိုတဲ့သီ
ချင်းအပိုင်းအစလေးမျှသာ။အနုပညာကိုမခံ
စားတတ်ရင် စိတ်မာတတ်သူ၊လက်တွေ့ဆန်သူ၊
စီးပွားလောဘကြီးသူလို့ တချို့လူတွေယေဘုယျ
ကောက်ချက်ချခြင်းက ကိုကိုသော်တာမောင်
အတွက်ဆိုရင်တော့အလုံးစုံမှန်ကန်မနေပေ။

ဆယ်ကျော်သက်အရွယ် မိဘတွေအရိပ်အာဝါသမှာ
ခိုလှုံခဲ့ချိန်က၊ငယ်ရွယ်လှသောအပေါင်းအသင်းတွေ
နှင့်ပျော်ပါးခဲ့ချိန်က အလုပ်ပြီးရင်းအလုပ်ပဲလုပ်မယ်လို့ ဆုံးဖြတ်ခဲ့သည်မှမဟုတ်လေဘဲ။

အသက်နှစ်ဆယ်ကျော်အရွယ်အထိ အပူပင်ကင်း
မဲ့ကာ နေခဲ့ရမည်ဆိုလျှင်ဖြင့် ဝါဒနာနဲ့အနုပညာ
တစ်ခုမှဟုတ်တစ်ခုတော့ ရှိလာလိမ့်မည်ပင်။စီးပွား
ရေးလမ်းပေါ်လျှောက်လမ်းမည်ဆိုလျှင်တောင်...
သဲကြီးမဲကြီးရုန်းကန်ခဲ့ရခြင်းမဟုတ်လျှင်ကိုယ်ပိုင်
အချိန်အနည်းငယ်လောက်မှာ သီချင်းတွေလဲနား
ထောင်ဖို့အချိန်ရှိခဲ့လိမ့်မည်။ရုပ်ရှင်ရုံတွေမှာလဲအ
ချိန်ဖြုန်းခဲ့နိုင်ပေလိမ့်မည်။

စီးပွားရေးလောဘကြီးသည် ဆိုသည်မှာလည်း
မိမိအကျိုးအတွက်၊တစ်ကိုယ်တည်းအတွက်
လောဘတက်ရသည်မဟုတ်ဘဲလုပ်ကိုင်သမျှ၊
ရှာဖွေသမျှ၊သူတည်ထောင်ထားတဲ့လုပ်ငန်းတွေ
သည် လှူဖို့၊ပေးကမ်းနိုင်ဖို့၊မှီခိုတဲ့ဝန်ထမ်းတွေရပ်တည်နိုင်ဖို့ အထူးသဖြင့်..အစ်မဖြစ်သူလက်လွှဲခဲ့သော သွေးမတော်သားမစပ်ကောင်လေးတစ်
ယောက်ကိုထောက်ပံ့ပေးနိုင်ဖို့ဆိုတဲ့ပေးဆပ်သူ
သက်သက်သောရည်ရွယ်ချက်နဲ့သာ။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now