3

358 34 0
                                    

ခါးရဲ့ဆိုင်ကယ်လေး ခြံဝန်းထဲဝင်ဝင်လာခြင်းမှာပင်
တိုက်ရှေ့ရပ်ထားသည့် crown ကားအဖြူလေးကို တွေ့လိုက်ရပါ၏။ယုံမှားဖွယ်မရှိသည့်ထိုကားနံ
ပါတ်လေး။

ကားဘေးမှာရပ်ကာတစ်ချက်ကြည့်လိုက်ရင်း
မျက်ဝန်းတို့မှာအရောင်တဖျတ်ဖျတ် လင်း
လက်လာလေသည့်ခါး။

ခြေခမကိုင်မိလက်မကိုင်မိလဲဖြစ်မိရပြီးအိမ်ထဲ
သို့အော်ဟစ်ကာပြေးဝင်သွားချင်မိရသည်။
သို့ပေမယ့်မရင်းနှီးချင်သောသူအတွက်ထိုအပြု
အမူကအသုံးဝင်မည်မဟုတ်ပေ။

ကွေးတက်ကာပြုံးမိတော့မယ့်နှုတ်ခမ်းအစုံကို
သွားဖြင့် နာနာဖိကိုက်ထားရပြီး ဘာမထီဒီဇိုင်းနဲ့
အိမ်ထဲဝင်သွားချသွားလိုက်လေ၏။
လွန်ခဲ့တဲ့နှစ်များဆီကလို ငိုမဲ့မဲ့နှင့်
ပြေးဖက်ရမယ့်အရွယ်ကကုန်လွန်ခဲ့ပြီပဲ။

ဧည့်ခန်းဆီမှအဖြူရောင်ပုံရိပ်လေးကို မမြင်ချင်
ယောင်ဆောင်ကာအပေါ်တက်ဖို့လှေကားပေါ်ခြေ
အချ....။

"မိုး ခါး"

ခေါ်သံကြောင့် ယခုမှမြင်သလို လှည့်ကြည့်လိုက်ပြီးကိုကိုလို့မထူးမိအောင်နှုတ်ခမ်းလွှာကိုတင်း
တင်းကျပ်ကျပ်စေ့ထားလိုက်ရပြန်သည်။

ခါးပြစ်ဒဏ်ခံနေရချိန်သာယာပျော်မြူးနေနိုင်သည့်
ကိုကို့ကိုနည်းနည်းလေးတော့ချေချင်မိပါ၏။
တစ်ယောက်တည်းတွေး၊တစ်ယောက်တည်းချေ
နေတာကို ကိုယ့်ကိုယ်တောင်စိတ်ပျက်ရရင်း
...။

ဖုန်းမျက်နှာပြင်ပေါ်ကသာ...တိတ်တဆိတ်ကြာမြင့်
စွာကြည့်ခဲ့ရသည့် ထိုအကြင်လူသားအား..အေးစက်ထုံထိုင်းစွာကြည့်နေမိပေမယ့်..တမ်းတလွမ်းဆွတ်ခြင်းလား ၊လူတစ်ယောက်လုံးကိုမြင်ခွင့်ရလို့ပျော်
ရွှင်မိခြင်းလား.၊နွေးထွေးခြင်းကင်းမဲ့လေသောခေါ်သံ
မှာ စိတ်မသက်မသာဖြစ်မိခြင်းလေလား..ပူနွေးသောခံစားချက်တစ်ခုက ရင်အုံကိုအနည်းငယ်တိုးခတ်နေပါလေ၏။

သော်တာမောင်သည်လည်းခါးနည်းတူရင်းနှီးကျွမ်း
ဝင်ခြင်းမရှိလှစွာကြည့်နေလေသည်။

းအဖြူကနေ အဝါရောင်ပြောင်းနေတဲ့ ကျောင်းအ
ကျီ ၤက မြင်မကောင်းရှူ့မကောင်း။မျက်နှာမေးရိုးအောက်ကနီရဲနေတဲ့ ဒဏ်ရာ..။ခါးတစ်ကိုယ်လုံးကို
စိတ်ပျက်လက်ပျက်စုန်ဆန် ကြည့်ကာ သော်
တာမောင် မျက်ခုံးတစ်စုံကိုတွန့်ချိုးလိုက်မိချေ၏။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now