မဟာအံထူးကံသာ(ပြည်ချစ်ဘုရား)ဘုရားကြီး၏
ရင်ပြင်တော်ပေါ်ပတ်လျှောက်နေတဲ့လူနှစ်ယော
က်ခေါင်းပေါ်မှာ နွေးထွေးတဲ့နေရောင်ခြည်တန်း
လေးလိုက်ပါလို့်နေသည်။ခေါင်းလောင်းတွေနား
ရောက်တဲ့အခါသော်တာမောင်ကိုယ်ဟန်ပြင်လိုက်တာနဲ့ခါးကလဲအဆင်သင့်။ခေါင်းလောင်းထိုးတံ မ
ယူဘဲပြန်မတ်လိုက်တာနဲ့ ခါးကအူကြောင်ကြောင်
လေးကြည့်လာတော့သည်။"အဟင်း.."
"ဘာလဲကိုကိုရ ထိုးမှာလားမထိုးဘူးလား"
ဘုရားရှင်ကိုကြာပန်းလေးရွေးကပ်တော့လဲသူက
ပါကြာပန်း၊ရွှေဆိုင်းကို၅သောင်းကပ်လှူရင်သူက
လဲ၅သောင်း၊အလှူခံပုံးထဲထည့်လှူတော့လဲတစ်ပုံစံ
တည်းလိုက်ထည့်နေတာ။"ဘာလိုက်လုပ်နေတာလဲ ကိုယ့်ကလေးပါလာ
တယ်မှတ်နေတာ ကိုယ့်အရိပ်ဖြစ်နေတာကိုး""ကိုကို့အရိပ်ကလေးပဲလေ ခါးက"
ညီညာတဲ့သွားဖြူတန်းလေးအကုန်ပေါ်အောင်ရယ်
ပြလာတဲ့ခါးကြောင့် ပါးလေးကိုတောင်ဖျစ်ညစ်ပစ်
လိုက်ချင်မိသည်။ဒါပေမယ့် ဘုရားပေါ်မှာမလား။အရိုအသေ၊အလေးအမြတ်ထားရမယ့်နေရာမှာ
တော့မဖြစ်သေးပါချေ။"ဘုရားရောသေချာဝတ်ပြုရဲ့လား"
"ပြုတာပေါ့ကိုကိုရ ကိုကိုပဲသင်ပေးထားတာလေ
ဘုရားရှိခိုးတဲ့အချိန်ဘုရားရှင်ကိုသက်ရှိထင်ရှား
ရှိနေသလိုအာရုံပြုကန်တော့ရမယ်ဆို""အွန်း"
"အာ့ကြောင့်အဲ့ဒီခဏတော့ကိုကို့ကို ခဏသိမ်း
ထားတယ် အဟီး""ကောင်းတယ် သာဓုပါဗျာ"
"ဟုတ်"
"ကိုကို ခါးလေ"
"အင်း"
အသံပြုထောက်ပေးရင်းအကြည့်တို့ကအဝေးဆီက
မှိုင်းမှုန်နေတဲ့ရှမ်းတောင်တန်းတွေဆီ ပို့ထားမိသည်။
တမျှော်တခေါ်ကြီးဆက်နေတဲ့ တောင်တန်းတွေက
ဘယ်ဆီဘယ်ဝယ်အဆုံးသတ်တယ် မမြင်ရသလို
ကိုယ်တွေနှစ်ယောက်ရဲ့ ရေစက်ကဘယ်အထိခိုင်မြဲနေလေမလဲ။"ကော်ဖီဆိုင်လေး အငယ်ကောင့်ကိုပေးခဲ့ချင်လို့"
"သဘောလေ ကလေးသဘော"