22(uni)

150 14 0
                                    

မိုးငွေ့တွေလွှမ်းခြုံထားသည်ကြောင့်မနက်၆နာရီ
အချိန်ကပင်တော်တော်အေးနေလေသည်။ငယ်
ဘဝလေးရဲ့နားခိုရာ၊အထီးကျန်ပူဆွေးခြင်းတွေရဲ့
အဖော်ပြုရာ ဒီမြို့ငယ်လေးကိုထပ်မံနှုတ်ဆက်ရ
ပြန်တော့မည်။

ဒီတစ်ကြိမ်ပြန်လာခဲ့ရခြင်းကနှစ်များစွာနေလာ
ခဲ့ခြင်းထက်ပိုလို့ရင်းနှီးမိခဲ့ချေပြီထင်။တစ်ချိန်တစ်
ခါကရင်ခုန်ခြင်းများစွာထုပ်ပ်ိုးပြီးထွက်သွားရသလို
အခုတစ်ကြိမ်ကလွမ်းမောခြင်းတွေထုပ်ယူသိမ်း
ဆည်းသွားရမည့်ပုံ။

အဝေးဆီကလခြမ်းလေးကိုတမ်းတလွမ်းဆွတ်နေ
ရလို့တိမ်စင်တဲ့ညတွေမှာကြယ်ဘယ်နှစ်ပွင့်လင်း
လက်ခဲ့လဲဆိုတာမရေတွက်နိုင်ခဲ့ပေ။
နှစ်သိမ့်ပွေ့ဖက်ပေးတဲ့မိုးရေတွေကိုလဲဒဏ်ရာ
ဟောင်းတွေနဲ့ရောထွေးမုန်းတီးမိခဲ့သည်။

ပတ္တမြားမြေဆိုတဲ့ဒီမြေ၊ဒီရေတွေကတော့မပြောင်း
လဲစွာပဲ မိုးခါးဆိုတဲ့ကောင်လေးကိုကြိုဆိုမြဲနှုတ်ဆ
က်မြဲပါပင်။ဝင်လာတုန်းကလဲရင်းနှီးစွာပွေ့ဖက်ပေး
ခဲ့သလိုပြန်တော့မယ်ဆိုတော့လဲဆိတ်ငြိမ်စွာနှုတ်ဆက်ပြန်ပါလေ၏။

"ခါး ငါတော့မင်းကိုသတိရနေတော့မှာ.."

"ငါလဲသတိရနေမှာပါ..မင်းမင်္ဂလာဆောင်ကျ
ရင်ဖိတ်စာပို့ဖို့မမေ့နဲ့"

"အင်းပါ မမေ့ဘူး မကြာမကြာဖုန်းခေါ်ဦး"

"အေးပါ..ဖြိုးလေး မင်းရော နောင်နောင် နိုင်ငံ
ခြားမထွက်ချင်တော့လို့အလုပ်လုပ်ချင်ရင်ငါ့ဆီ
လာခဲ့..ငါရှိတယ်..အိမ်ထောင်ပြုမယ်ဆိုရင်ကိုယ့်
နိုင်ငံမှာပဲနေတာအကောင်းဆုံးပဲ.."

"အေး ငါတို့လဲအာ့လိုပဲတွေးထားတာ..သူများဆီ
နေရတာပိုက်ဆံတော့ရပါရဲ့နေမကောင်းထိုင်မသာ
ဖြစ်ရင် အိမ်ကိုတအားလွမ်းတာကွ"

"အင်း အဲ့ဒါကြောင့်သေချာစဉ်းစား မိုးကုတ်မှာ
တစ်ခုခုလုပ်ချင်တယ်ဆိုလဲပြော ဦးထွန်းရှိတာ
ပဲ ဘာပဲအကူညီလိုလို ငါ့ကိုဖုန်းဆက်ဖို့မမေ့ကြနဲ့"

"အေးပါ မင်းလဲနေကောင်းအောင်နေ...
ပျော်အောင်နေလို့တော့မှာစရာမလိုတော့ဘူး
မလား ..တလောကလုံးတောင်မြင်နေရတယ်"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now