25(uni)

174 15 0
                                    

သော်တာမောင့်မွေးနေ့ရောက်ဖို့ ရက်ပိုင်းလောက်
အလိုမှာပဲခါးတစ်ယောက်အလုပ်တွေရှုပ်နေတော့
သည်။တစ်ခုတည်းသောဝါဒနာပါရာတေးသီချင်း
ရေးရသည်ကခါးနဲ့တကယ်ပဲကံစပ်သည်ထင်။

ခါးရဲ့အလွမ်းအဆွေးပေါင်းများစွာနဲ့ ကြံကြံခံနိုင်ဖို့အင်အားတွေထင်ဟပ်လှသောသီချင်းတွေဟာ
အရှိန်အဟုန်ကရပ်တန့်မသွားပဲ ပို၍တောင်ကြော်
ကြားလာသေးသည်။ပရိတ်သတ်တွေက တေးရေး
သူထက် တေးဆိုတဲ့အနုပညာရှင်တွေကို ပိုပြီးအား
ပေးကြသော်ငြားအနုပညာသမားအချင်းချင်းကြားမှာတော့ ခါးနာမည်ကောင်းလှပါ၏။

ခါးကအလုပ်တွေမအားလပ်သော်လည်းအချင်းချင်း
ကြားတောင်းဆိုလာတဲ့တေးသီချင်းအသစ်တွေကို မလုပ်ပေးပဲမနေနိုင်ပေ။

တေးစီးရီးအတွက်သာမကရုပ်ရှင်ဇတ်ကားတွေအ
တွက်နောက်ခံတေးသီချင်းတွေပါတောင်းဆိုပါများလာတော့ ခါးအလုပ်လက်ခံမိရသည်။

နာမည်ကြီးအဆိုတော်တွေရော၊တက်သစ်စတွေ
ရော၊စတူဒီယိုပိုင်ရှင်များပါ ခါးဆီအခေါက်ခေါက်
အခါခါရောက်လာကြပါလေ၏။

ရုံးအလုပ်တစ်ဖက် သီချင်းရေးပေးဖို့တွန်းအားတွေ
ကတစ်ဖက်ပေမယ့် ခါးမပင်ပန်းပေ။ခါးကိုနောက်ဆံတလူလူငင်စေတဲ့အကြောင်းက ကိုကို။ကိုကိုသည်
ခါးအပေါ်တိတ်တိတ်လေးကောက်နေသည်မှာ မ
ကြာသေးခင်ရက်ပိုင်းကတည်းက။ခါးနာမည်ကြီးပြီးအလုပ်တွေအောင်မြင်နေရင် လက်ခုပ်တီးပေးဖို့
အမြဲရှိတတ်တဲ့ကိုကိုကအခုတလောဘာသိဘာ
သာဖြစ်နေသလိုပင်။

ဒီတစ်ခေါက်ကိုကိုရဲ့စိတ်အခြေအနေကခါး
အတွက်အသစ်အသစ်သောထူးဆန်းမှုကို
ပေးနေလေ၏။ကိုကို့စိတ်ထဲဖြစ်နေနိုင်သည့်
သုံးသပ်ချက်တွေကို ခါးခေါင်းထဲစီချထားပေ
မယ့်သဲလွန်စရဖို့နည်းနည်းလိုနေသည်ထင်။

ခါးဆီသီချင်းအပ်နှံလိုတဲ့တေးသံရှင် အနုအရင့်
တွေဝိုင်းနေတဲ့ကြားမှာကိုကိုက ကုမ္ပဏီရဲ့ထုတ်
ကုန်အမျိုးမျိုးအတွက် ကြော်ငြာမင်းသမီးကိုအာ
ရုံစိုက်လာခဲ့သည်။

သူကိုယ်တိုင်ဝင်မပါဖူးတဲ့ကိစ္စမှာအခုကိုယ်တိုင်
ကိုယ်ကျအတည်ကြီးစီစဉ်နေလေတော့သည်။
ကိုကိုအလုပ်လုပ်တာခါးသဘောကျပါသော်
လည်းမင်းသမီးတွေကိုပါအာရုံစိုက်လာခြင်းကို
တော့စိတ်မသက်မသာဖြစ်ရပါလေ၏။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now