တကယ့်တကယ်တမ်းကျတော့ ကိုကိုက
ခါးကို အလိုလိုက်ပါလေ၏။သူအရမ်းကြိုက်တဲ့ trackerလေးပေါ် ချစ်ရတဲ့ လူသားတစ်ယောက်ကို တင်မောင်းရတဲ့ feel
ကပြောပြလို့မရအောင် အရမ်းမိုက်။တိုးဂိတ် ကျော်လာပြီးနောက်ဆိုင်ကယ်ကို ဘေး
ချရပ်လိုက်ပြီး ကိုကို့ကိုခဏဆင်းစေလိုက်သည်။သူ့ဂျင်းကုတ်မှာ ချိတ်ကာထည့်လာသည့် နေကာ
မှန်မျက်လေးတစ်လက်က ကိုကို့အတွက်။လေ
ကြောင့်အနည်းငယ်လန်နေသည့်ဆံပင်တို့ကိုသပ်
ချပေးကာ မျက်မှန်လေးတပ်ပေးလိုက်လေသည်။"ဝေါင်း ကိုကိုကအရမ်းမိုက်တာပဲကွာ"
"လျှောက်ပြော"
အဖြူရောင်မှာ အနီဆင်းလေးတွေပါတဲ့ ရှပ်အကျီ ၤကို ဘောင်းဘီအိအိအရှည် အနက်ထဲ ထည့်ဝတ်ကာ လည်သာရှူးအတိုလေး စီးထားတဲ့ ကိုကို က အရမ်းလန်းနေပါသည်။
ဆံပင်ကလဲ အခါတိုင်းလို လှန်ပြီးတင်ထားတာ
မဟုတ်ပဲ နဖူးပေါ်ခပ်ဝဲဝဲ စောင်းစောင်းလေး ချ
ထားတာမို့ခါးထက်တောင်ငယ်နုနေသလို။ခါးကတော့ ရှေ့ဆံပင်ကိုအလိ်မ်လေးတွေ ပုံဖော်ထားပြီး နောက်ကဆံပင်ကပါးပါးပြေပြေလေး တိုထားသည့်ပုံစံ။
မျက်မှန်ကို ကိုကိုနဲ့ဆင်တူ ခါးတပ်လိုက်တော့ ကိုကိုက ညင်ညင်သာသာ ရယ်သံပြုလေ၏။
"တက်"
လက်နှစ်ဖက်ကိုဆွဲကာ ခါးမှာ တင်းတင်းချိတ်ပေးလိုက်တော့ ကိုကို့ ရင်ခွင်နဲ့ခါးကျောလေးကပ်သွား
ရသည်။"ဆိုင်ကယ် ဖြည်းဖြည်းမောင်းမှထင်တယ်"
" ဟင် ဘာလို့လဲ"
"ရင်တွေ ခုန်နေလို့လေ"
"အာ နောက်ဆုတ်လိုက်မယ်လေ"
"မဆုတ်နဲ့ စတာခါးဆိုင်ကယ်မောင်းတာ
ကျွမ်းပါတယ် စိတ်အေးလက်အေး လိုက်ခဲ့""ဝူးးးး"
ဆိုင်ကယ်လေး ၂၁မိုင်ကျော်လာတော့ သော်တာ
မောင် ကြည်နူးစွာ ပြုံးမိရသည်။အခါခါ လှည့်ပြန်ဖူးတဲ့ဒီနယ်မြေလေးကို ကျော်
ဖြတ်ခဲ့ပြီးအခုချိန်မှာတော့သူက ချစ်သူကောင်လေးမောင်းတဲ့ ဆိုင်ကယ်နောက်ခုံမှာ။သဘောက ရင်နာစရာဇတ်လမ်းတစ်ပုဒ်ရဲ့အဆုံးသတ်က ပျော်
ရွှင်စွာပေါင်းဖက်ကြရလေသတည်း ဆိုတဲ့သဘော။