Season 2(unicode)1

373 36 0
                                    


မိုးခါး
(မိုးခါး)

အဖေတစ်ခုသားတစ်ခုဘဝနဲ့ ဖေဖေသွားရာတစ်ကောက်ကောက်လိုက်ရတဲ့ ကလေးလေးတစ်ယောက်
မှာ အမေဆိုတာမြင်တောင်မမြင်ဖူးလိုက်ရချေ။အဖေသွားရာလိုက်ရပြီးအဖေ့မျက်နှာကမ္ဘာကြီးထင်တဲ့ကလေးတစ်ယောက် ဘဝထဲသို့ အမေတစ်ယောက်အစားထိုးရလိုက်ပြီးနွေးထွေးလှသောမိခင်မေတ္တာကို
စတင်ခံစားဖူးခဲ့ရလေသည်။သို့သော်ငြားထိုအချိန်
မှစ၍
ပြေးရလွှားရကျောင်းတောင်မှန်မှန်မတက်ရသည့်အခြေအနေကို သူ၏နုနယ်လှသောဦးနှောက်ပိစိလေးနှင့်နားလည်နိုင်စွမ်းမရှိပါချေ။

မာမီဟုအခေါ်ခိုင်းလာသည့် အမျိုးသမီးလှလှလေး
ကညတိုင်းအိပ်ယာဝင်ပုံပြင်တွေနဲ့ချော့သိပ်ပေးသူ
ဖြစ်လာခဲ့သည်။တခါတလေ တာဇံ ၊တခါတရံ
ပီတာပန်။ များလှစွာသောအိပ်ယာဝင်ပုံပြင်များထဲ
မှသူအကြိုက်ဆုံးတစ်ပုဒ်ရှိခဲ့လေ၏။ထိုသည်ကား
မျက်တောင်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါသည့်
ရွှေမင်းသားလေးအကြောင်း။ဒဏ္ဍာရီပုံပြင်မဟုတ်လေသောထိုမင်းသားလေးသည် မာမီ့၏မောင်ငယ်လေးတဲ့။ထိုသက်ရှိလူသားလေးအကြောင်းနားထောင်
ရခြင်းကားသူ့အတွက်မရိုးနိုင်သောအိပ်ယာဝင်ပုံပြင်
လေးတစ်ခုသာ။

"မာမီ သား အဲ့ဒီ ကိုကို့ကိုမြင်ဖူးချင်လိုက်တာ"

သွေးခုန်နှုန်းတစ်ဒုတ်ဒုတ်သံကြားနေရသည့်ရင်ခွင်
နွေးထဲခေါင်းလေးတိုးဝှေ့ပူဆာသလိုပြောမိတော့
အေးချမ်းတဲ့အပြုံးလေးနဲ့ ဖွင့်ဟဆိုလာခဲ့သူ ။

"တနေ့တော့ တွေ့ရမှာပါကလေးရယ်
မာမီလဲ မောင်လေးကို လွမ်းလှပြီ"

မာမီလဝန်းသော်တာက နာမည်နဲ့လိုက်အောင်
လပြည့်ဝန်းကြီးနဲ့...တူလှသည်။အေးမြသောအ
ပြုံးနှင့်နွေးထွေးသောရင်ခွင်ရှိလေသူ။

"မာမီ သွားတွေ့ရင် သားကိုခေါ်ပါနော် သား
ကိုကို့မျက်တောင်လေးတွေတကယ်ရှည်လား
သိချင်လို့ပါ"

"အဟင်း.. ခေါ်မှာပေါ့သေချာပေါက်ခေါ်သွားမှာ"

တခါတလေ မျက်ရည်လေးတွေဝေနေတတ်တဲ့
မာမီသည်လဲမျက်တောင်လေးတွေ တကယ်လှ
ပါသည်။ဖေဖေကတော့ဘာအလုပ်လုပ်သလဲ သူ
မသိ ။
အိမ်ရှင်ကနေ့တိုင်းလိုလို အိမ်လခပေးဖို့လာလာ
ငေါက်နေတာကိုမာမီကဒိုင်ခံတောင်းပန်ရရှာသည်။ တခါတလေ ညဘက်တွေဆေးတွေခိုးခိုးသောက်
နေတဲ့ မာမီ့ကို သနားလှသော်လဲသူမမေးရဲခဲ့ချေ။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးOpowieści tętniące życiem. Odkryj je teraz