27

505 44 2
                                    

သော်တာမောင် နိုးနေပြီးပေမယ့် မျက်လုံးမဖွင့်ဖြစ်
သေးပေ။မနေ့ညက ခါးရောက်လာတာ အိပ်မက်
ဟုပင်ထင်မိနေသည်။

တဆစ်ဆစ်ထိုးကိုက်လာတဲ့ ခေါင်းကြောင့် ထ
ထိုင်လိုက်ရကာ မြင်လွှာတွေဖွင့်လှစ်လိုက်ရပေ
သည်။အပူငွေ့တွေနှိပ်စက်နေသည့်ခန္ဓာကိုယ်
ကြောင့်ရေချိုးခန်းဆီလျှောက်သွားလိုက်လေ၏။

ရေချိုးနေရင်း မှတ်ဉာဏ်အပိုင်းအစတွေဆွဲထုတ်ကာ ဆက်စပ်ကြည့်နေပေမယ့်ဟုတ်သလိုလို
မဟုတ်သလိုလို။

သွားတိုက်တော့နှုတ်ခမ်းကထူအမ်းနေသလိုရှိပြီး
နံရံက မှန်ကို မော့ကြည့်လိုက်မိပေသည်။မိမိမျက်နှာကိုမြင်လိုက်ရ ပြီးနောက်ရင်တွေအတိုင်းအ
ဆမရှိ ခုန်လှုပ်သွားရလေတော့၏။

တကယ်ကိုထူအမ်းအမ်းလေးဖြစ်နေတဲ့သူ့နှုတ်ခမ်း
လွှာတွေ။ဒါတွေကတကယ်အစစ်အမှန်ကြီး။

ရေကိုအလျင်စလိုချိုးကာ အပြင်ထွက်ကြည့်ဖို့ ဆန္ဒစောနေမိပြီ။လူတစ်ကိုယ်လုံး ရေပြောင်အောင်
ပင်မသုတ်နိုင်ဘဲ bathrobe ကို မြန်မြန်ဝတ်ပြီး ခါးစည်းကြိုးချည်ရင်းတန်းလန်း အပြင်
ထွက်လာခဲ့လိုက်သည်။

"ခေါင်းကို အရင်သုတ်မလာဘူး"

အိပ်ယာခင်းတွေသေချာဖြန့်နေရင်း လှည့်ပြော
လာသူ။အဝတ်တန်းပေါ်က တဘတ်တစ်ထည်
ဆွဲကာ လျှောက်လာနေတဲ့သူ။

သူ့နှုတ်ခမ်းတွေခပ်ဟဟပွင့်အာလာပြီးဝေဝေဝါးဝါး
ဆိုလိုက်မိလေ၏။

"အိပ်မက်ထင်နေတာ"

နားလည်သလို ပြုံးကြည့်လာတဲ့ ခါးမျက်နှာက
ကြည်စင်နေပြီး ရေငွေ့ကင်းသည့်မှန်တစ်ချပ်နှယ်။

"ဒီကိုလာ"

ခေါင်းကို ဖွဖွသုတ်ပေးလာသူက သော်တာမောင်
အရပ်ထက် အနည်းငယ်ပင် ပိုမြင့်နေချေသည်။

မျက်စိရှေ့ကိုကွယ်ကွယ်သွားသည့် တဘတ်ကြောင့် စိတ်မရှည်စွာပဲ လက်ကိုဖယ်ကာ ရပ်တန့်စေလိုက်သည်။

"အကျီ ၤအရင်ဝတ်လိုက် အအေးပတ်မယ်"

"နေဦး  ကြည့်ပါရစေ"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now