5(uni)

230 32 0
                                    

တစ်ကြိမ်တစ်ခါမျှမဝင်ရောက်ဖူးခဲ့သည့်မာမီလဝန်း
သော်တာအခန်းထဲသို့ရောက်လာချိန်မှာ ခါးတစ်
ကိုယ်လုံးတုန်ယင်မသွားအောင် လက်ကိုတင်းတင်းဆုပ်ထားမိလေသည်။ပါးလျနေခဲ့သည့်အတိတ်မှပုံ
ရိပ်တချို့ကအာရုံ၌တဖန်စွဲထင်ဟပ်လာခဲ့ချေသည်။

နံရံမှာ ချိတ်ဆွဲထားတဲ့ မိသားစုပုံ။ ငယ်ရွယ်ပြီး
ကျက်သရေရှိတဲ့မိန်းကလေးက ခါးကို ပြုံးရယ်ပြ
နေသည့်နှယ်။မိခင်ဆိုတာ ဘယ်လိုမျိုးလဲလို့သိစေ
ခဲ့သူ။သူများကလေးတွေလို အိပ်ယာဝင်ပုံပြင်တွေ
နဲ့အိပ်ခွင့်ပေးခဲ့လေသူ။ နောက်ဆုံးထွက်သက်ရောက်နေသည့်တိုင်ကိုယ်နားခိုဖို့ ရင်ခွင်တစ်စုံဆီ
ထည့်ပေးထားနှင့်ခဲ့သူ။

ဟောင်းနွမ်းစပြုနေတဲ့ ဓာတ်ပုံလေးထဲက အဖေ
ဆိုတဲ့လူသားကို မြင်မှအတိတ်က ပြေးလွှားရှောင်
ပုန်းနေခဲ့ရတဲ့ အချိန်တွေကိုပြန်အမှတ်ရမိခဲ့သည်။

ဆွေရယ်မျိုးရယ်မပြောနဲ့မွေးမိခင်ဆိုတာ မြင်
တောင်မမြင်ဖူးခဲ့တဲ့ ဘဝရယ်ကကိုကိုမှည့်ပေးတဲ့
မိုးခါး ဆိုတဲ့နာမည်နဲ့ တကယ်လိုက်ချေသည်။

အိမ်ဆိုတာ အတည်တကျတောင်မရှိတဲ့ ခါးတို့ဘဝ မှာမာမီက ဘုရားပေးတဲ့ဆု။ မုန်းတယ် လို့ကိုကို
ပြောလာချိန်ကစလို့ အတိတ်အားလုံးကို ခါးရဲ့နှလုံးသားအောက်ခြေထဲမှာ မြှပ်နှံပစ်ခဲ့တာ။ ဝမ်း
နည်းမိတိုင်း ဖေဖေရယ် မာမီရယ်လို့ မတခဲ့လေဘဲ ကိုကိုသည်သာအားကိုးရာ မှီခိုရာ၊ခါးရဲ့တမ်းတရာ။

"ကလေး ငိုချင် ငိုလိုက်နော် ကိုယ်
အပြင်ခဏထွက်နေပေးမယ်"

"ဟင့်အင်း။ကိုကို မသွားနဲ့"

အခုချိန် ခါး လိုနေတာ ကိုကို။ မဟုတ်သေးဘူး
အချိန်တိုင်း နေ့ရက်တိုင်း ကိုကို့ကို လိုအပ်နေတာ။
မျက်တောင်ရှည်မင်းသားလေးကို စတွေ့တဲ့အချိန်မှာ လှပတဲ့အတိတ်တစ်ခုမဟုတ်ခဲ့တာတောင် ငိုသံလေးတစ်ခုနဲ့တင်ခါးရင်ထဲ ပိုနှစ်ဝင်ခဲ့တာ။ပိုမိုစွဲထင်စေခဲ့တာ။

ရယ်ပြုံးနေတာမဟုတ်ဘဲ စိုလက်တဲ့ အဲ့ဒီ မျက်
ဝန်းလေးကဘဲ ခါးအတွက် ဘဝတစ်ခု ဖြစ်လာ
ခဲ့တာ။သက်ဆိုင်သူ ကြင်ဖော်ဆိုတဲ့ တံဆိပ်လေး ကပ်ထားပြီးနှင့်တာတောင် တခါတရံ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးမိသေးသည်။ အခုလို စိတ်ထိခိုက်
နေချိန်လေး ကိုကို့ ဂရုစိုက်မှုတွေကိုကို့အကြင်နာတွေ ပိုပိုလိုချင်မိလေသည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now