8

298 30 2
                                    

~တီတီ တီတီ~တီတီ တီတီ~

နိူးစက်ကို လှမ်းပိတ်ပြီးသကာလ ခါးကတက်ကြွ
စွာနိုး ထလိုက်သည်။ဒီရက်ရောက်ဖို့ ကြားထဲမှာ
တစ်ရက်ကြီးတောင်စောင့်လိုက်ရသည်ပဲ။

ကိုကိုကတော့ နေ့တိုင်း စောစောထနေကြမို့ နိုး
နေလောက်ပြီ..။

သီချင်းတစ်ကြော်ကြော်နဲ့ ခါးအသံက ရေချိုးခန်းထဲ မှာဆူညံနေ၏။ပြုံးမြမြလေးဖြစ်နေတဲ့မျက်နှာ
လေးက ကြွေနံရံပေါ်ကမှန်ဝိုင်းလေးမှာပေါ်လာလိုက်
ပျောက်သွားလိုက်။လူပျိုဖော်ဝင်ကာစအသံလေးက
ချိုမြနေခြင်းထက်သြရှသည့်ဘက်ကိုဖော်ကျူးနေသည်။

တဘတ်အဖြူလေးခါးမှာ ပတ်ကာ ထွက်လာတော့
အပြင်ဘက်ဆီမှတံခါးခေါက်သံထွက်ပေါ်လာ၏။

ဒေါက် ဒေါက်   ဒေါက် ဒေါက်

ခေါင်းကို တစ်ဘက်နဲ့ သုတ်ရင်း တစ်ဖက်က
ဆွဲဖွင့်လိုက်တော့ကိုကို...။

" မနိုး မနိုးသေးဘူးထင်လို့.."

သေစမ်း သော်တာမောင်။ အသံက ဘာလို့ထစ်
သွားတာလဲ..။ရုတ်တရက်ကြီး နီးနီးကြီးမြင်လိုက်
ရလို့များလား။

"အဟမ်း! ပြီးရင် ဆင်းခဲ့တော့.."

ကသောကမျော ပြောပြောဆိုဆို အောက်ဆင်း
သွားသည်ကြောင့် ဘာများမှားနေလဲ လို့မိမိကိုယ်ကို ငုံ့ကြည့်လိုက်တော့ခါးမှာပတ်ထားတဲ့
တဘတ်က ပြေကျလုနီး။

*ဟဟ လူကြီးရယ် ယောကျၤားချင်းကို ရှက်သေး
တာလားး.*

ခါး ရှပ်အကျီ ၤ မိုးပြာရောင်လေးကိုတံတောင်ဆစ်အောက် ခေါက်တင်လိုက်ပြီး ပုဆိုး အနက်လေးကို
ချပ်ချပ်ရပ်ရပ်ဖြစ်အောင် ဝတ်ဆင်လိုက်သည်။

နည်းနည်းရှည်နေတဲ့ ဆံပင်အညိုလေးကို ခေါင်း
လိမ်းဆီ ပါးပါးလေးထည့်ကာ သပ်ရပ်စေလိုက်
သည်။မှန်ထဲက ကောင်လေးမှာ နုပျိုခြင်းတွေ၊
လန်းဆန်းခြင်းတွေအပြည့်နှင့်။ဆန္ဒပြည့်ဝခြင်း
ကြောင့်နှုတ်ခမ်းရဲလေးမှာမသိမသာစွာကော့တက်နေသေးသည်။

အောက်ဆင်းလာတော့ ကိုကိုက ကားသော့ယူကာ ရှေ့က သွား၊ခါးကနောက်ကလိုက်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now