3(unicode)

257 33 0
                                    

သော်တာမောင်+မိုးခါး

မန္တလေးမြို့စဝင်ပါပြီလို့ ကိုထွန်းဆီမှဖုန်းလက်ခံရပြီး
နောက်သော်တာမောင်ကယောင်ကယင်နှင့်
ထိုင်လိုက်ထလိုက်။ခါးထောက်လိုက် လက်သည်း
ကိုသွားနဲ့ခြစ်နေလိုက်နဲ့ ဂဏှာမငြိမ်။

နောက်ဆုံးတစ်ခေါက်တွေ့တုန်းကဆို ခါးအရပ်ကြီး
ကကိုယ့်ထက်တောင်မြင့်နေချေပြီ။ငယ်ငယ်တုန်းက အလိုမကျရင်မှုန်တည်တည်လေးဖြစ်သွားတတ်တဲ့
ကောင်လေးက ခုတော့မချိုမချဉ်မျက်နှာ
ပေးနဲ့လူကိုကသိကအောင့်ဖြစ်စေလွန်းသည်။

တမိုးအောက်ထဲအတူတူရှိရတော့မည်လားဟု
တွေးကြည့်ရုံနဲ့စိတ်ရှုပ်သလိုလို၊အနေခက်မိသ
လိုလို။ပေါက်စလေးတုန်းကတောင်တခါတရံပြော
ရဆိုရခက်တာအခုဆိုပိုပြီးတောင် ပြောရဆိုရ
ခက်နေလေမလား။

ကားပေါ်ကဆင်းလာတဲ့ကောင်လေးကအိမ်
ပေါက်မရောက်ခင်အိ်မ်ပေါက်ဝ၌တင်မျက်လုံး
တွေနှင့်ဝေ့ဝဲရှာနေပြီးကိုယ့်ဆီတည့်တည့်ရောက်
မှ လက်ကနဲလင်းသွားချေသည်။ထိုမျက်ဝန်းတစ်
စုံကို ဖျက်ခနဲသာကြည့်မိပြီး ထပ်မကြည့်ဖြစ်
အောင် ထိန်းနေရတော့ ပို၍တည်တင်းသွား
ပုံပေါက်တဲ့ကိုယ့်မျက်နှာ။

ရောက်မလာခင်ကတည်းကအိပ်ခန်းကျယ်တစ်ခု
ကိုစိတ်တိုင်းကျဟိုဟာပြင်ခိုင်းဒီဟာပြင်ခိုင်းနဲ့ ခြံ
ထဲမြင်ရအောင်ထိ မှန်တွေလဲခိုင်းမိသည်အထိ။

သူ့ကိုယ်အတိုင်းကိုကိုထွန်းကအလိုက်သတိ ပြောလာတာမို့ အဝတ်အစားအသစ်တွေဘီဒို တစ်လုံး
စာလောက်ဝယ်ထည့်ပေးထားပြီးမှ မနေတတ်မ
ထိုင်တတ်ဖြစ်နေမိသည်။ပူပြင်းလှတဲ့ မန္တလေးမှာ သူပါလာတဲ့ အထူတွေနဲ့ အဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့ ဆင်ခြေကိုအထပ်ထပ်တွေးရင်း စိတ်သက်သာရာရှာ
မိခဲ့သည်။

"သားအတွက် ဒီအခန်းကို သားမောင်ကိုယ်တိုင်
လုပ်ခိုင်းထားတာ လာ"

ဖျက်ကနဲ ကြည့်လာတဲ့မျက်ဝန်းနဲ့ ယောင်ယောင်
လေးပြုံးတော့မလို နှုတ်ခမ်းကြောင့် မမြင်သလို ဟန်ဆောင်လိုက်ရပြီး ရပ်တန့်မိ်တော့မလိုအနည်း
ငယ်တွန့်သွားမိတဲ့ခြေလှမ်းကိုအားယူတက်လိုက်ရ
သည်။အတွင်းဘက်အခန်းတံခါးကိုမှီပြီးလည်ချောင်းမှာတစ်နေတဲ့အပူလုံးကို တဖူးဖုူးနဲ့ မှုတ်ထုတ်ပစ်နေ
ခဲ့ရသည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now