11

270 30 1
                                    


"ပေါ်တော်မူကြီး ပေါ်လာသေးတယ်နော်..."
ကိုဇွဲ ဆီရောက်တော့ ဆီးကြို ငေါ့ခံရသည်။

"ကိုကို နေမကောင်းလို့ပါဗျာ...ဘယ်လိုလဲ
ကိုမော်ကောက်နေတာ ဖြောင့်သွားပြီလား"

ကိုဇွဲကစိတ်ပျက်လက်ပျက်ခေါင်းခါသည်။

" ခါး.....ငါ.. ရင်ဖွင့်ချင်တယ်ကွာ
တခြားလူတွေကို ပြောလို့မရတဲ့ကိစ္စမို့လို့..."

"ပြောလေ"

"ငါပြောရင်မင်းစိတ်ပျက်သွားမှာ ငါနဲ့လဲ ပေါင်း
ချင်မှာမဟုတ်တော့ဘူး..ဒါပေမယ့်လဲ...
"ပြောပြချင်တယ်.ပြီးတော့ငါပြောတာနားထောင်
ပြီးရင်ငါ့ကိုပဲ အပြစ်ပြောစေချင်တယ်မော့်ကို
အထင်မသေးစေချင်ဘူး"

"အထူးအဆန်းပါလား ချိဖ.."

"အင်း"

"ဘာမလို့ အိုက်လောက် စကားပလ္လင်ခံနေတာလဲ"

"........"

" ပိုသိချင်အောင် လုပ်မနေနဲ့ ပြောစမ်းပါဗျာ..
ဒါကကော ဘာလဲ စောစောစီးစီး တစ်ယောက်
ထဲ သောက်နေတာပေါ့..နေကပူပူနဲ့ ဘီယာနဲ့
တော့ဟုတ်နေတာပဲ"

ဘီယာသံဗူးတစ်ဗူးဆွဲယူဖောက်ပြီး
တစ်ငုံငုံလိုက်တော့ အေးစိမ့်နေသည်။

" ငါ.... မော့်ကို ချစ်နေတာ.."

"ဖွီးးးးအဟွတ် အဟွတ်..."

ရုတ်တရက်သီးသွားသည်ကြောင့် လည်ချောင်း
တောင် စပ်ဖျဉ်းပြီးနာသွားရ၏။
ကိုဇွဲကို အလန့်တကြားမော့ကြည့်တော့
အတည်ပေါက်ကြီး။

"ဘယ်လို ဘယ်လို"

"ငါ့ကိုယ်ငါသိတာ ကြာပြီ..ဒီထက်ပိုပြီးမျိုသိပ်လို့မရတော့ဘူး..ငါ့ရင်တွေပေါက်ကွဲတော့မလိုပဲ"

" နေပါဦး နေပါဦး ခဏ"

"ယောကျ်ားလေး အချင်းချင်းလေ ဘယ်လို
ချစ်တာ.."

ခါးလဲ စကားတွေထစ်အကာ တောင်တစ်စ
မြောက်တစ်စဖြစ်ကုန်ရ၏။

" ချစ်သူလိုချစ်တာ..သူလဲငါ့လိုပဲလို့ထင်တယ်"

"......."

"ငါ့ကို ရွံသွားပြီလား ငါ့ညီ"

"အာ့လိုတော့မဟုတ်ပါဘူး ကျွန်တော်နားမ
လည်လို့ပါ..အဲ့လို ချစ်လို့ ရလား မသ်ိလို့"

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now