တစ်ပတ်လောက်အကြာမှာ
မည်သို့မည်ပုံနားပေါက်သွားသည်မသိ ဦးသီ
ကသော်တာမောင့် အိမ်ကို အစော
ကြီးရောက်ချလာသည်။သော်တာမောင့်ကိစ္စမှန်
သမျှဦးသီမသိနိုင်သည်ကဖြစ်နိုင်ခဲလှသည်ပဲ။"ဦးသဘောကတော့ လက်ထပ်သင့်ပြီလို့
ထင်တယ် သားမောင်""......."
"ဦးလဲ အသက်အရွယ်ရလာပြီ.နောက်ဆို သား
အကြီးကောင် အလုပ်မှာ အားကိုးရပြီဆို ဦး
အလုပ်ကနေနားတော့မှာဝေးသွားတဲ့ အခါ ခုလို
စောင့်ရှောက်နိုင်ဖို့မလွယ်တော့ဘူးသားမောင်မိ
ဘတွေ ရှိသေးရင်လဲ တစ်ယောက်တည်း စိတ်ချမှာ
မဟုတ်ဘူးမိသားစု စုံစုံ လင်လင်နဲ့ မြင်ချင်ကြမှာပဲ...""အော.."
"ဦး.ပြောတာ လက်ခံနိုင်ရဲ့လား သားမောင်
ရှေ့နေကြီးကလဲကျန်းမာရေး ကြောင့်ပင်စင်
ယူတော့မှာ သားမောင်တစ်ယောက်ထဲဘယ်
လိုရှေ့ဆက်မလဲ...""အခုလို အရွယ်ကောင်းမှာ အိမ်ထောင်ပြုတာ
အကောင်းဆုံးပဲ..သားနေမကောင်းထိုင်မသာ
ကျရင်ဘယ်သူအနီးကပ် ပြုစုမှာလဲဟုတ်တယ်
မလား""ဖိုးထောင်တို့ လင်မယားတောင် ခု ရွာမှာပျော်
နေကြပြီ တော်တော်နဲ့ ပြန်လာကြမှာမဟုတ်ဘူး"ဦးသီကစကားအများကြီးဆိုလိုက်ရ၍
မောသွားသလိုခဏနားကာ ကော်ဖီခွက်ကောက်
ကိုင်လိုက်သည်...။"ဦးသီပြောတာ မှန်ပါတယ်..ချက်ချင်းကြီး
ဆိုတော့ ကျွန်တော် သေချာစဉ်းစားပါအုံးမယ်"
ကျွန်တော့်ရဲ့ ဒုတိယမိဘက ဦးသီပါကောင်း
စေချင်လို့ ပြောတာမှန်းလဲ နားလည်ပါတယ်
ခဏပဲ အချိန်ပေးပါ..""အင်း..ဒါနဲ့ ဟိုကောင်လေးရော.."
"မိုးလင်းတည်းက ထွက်သွားတာပြီးညမှ
ပြန်လာတာ..""အော်..ကျောင်းမတက်ခင်လေး အလုပ်မှာ
အတွေ့ကြုံရအောင်လုပ်ခိုင်းပါလား..အဲ့ဒီလို
လျှောက်သွားနေမယ့်အစား....ဒါမှ သားမောင်
အိမ်ထောင်ပြုသွားလဲ သူ့ကို နောက်ဆံမတင်း
ရတော့ဘူးပေါ့...""ငယ်ပါသေးတယ် ဦးသီရယ် သူ ဝါဒနာပါတာ သူ့ဘာသာသူ ရွေးပါစေ..ပြီးတော့ကျွန်တော်လဲ
သူနဲ့ သိပ်စကားမပြောချင်ဘူး"