15(uni)

178 19 0
                                    

လွန်ခဲ့တဲ့နှစ်တွေဆီမှအမြဲကြိုတဲ့မိုးတွေပင်ကိုကိုပါ
လို့ပုန်းရှောင်နေပုံရသည်။ဒီလိုပါဘဲသဘာဝတရား
ကြီးဆိုတာ။အမြဲတမ်းလင်းထိန်မနေသလိုအမြဲတမ်းလဲမှောင်မည်းမနေပါဘူး။တွယ်တာရာရင်ခွင်တစ်စုံဆီကနေထွက်ခွာခဲ့ရတဲ့မိုးခါးသေးသေးလေးကသာမိုးတွေကဘဝနဲ့ချီပြီးရွာမကုန်နိုင်သလိုခံစားခဲ့ရတာ။ခိုတွယ်ရာအရိပ်နဲ့ဝေးတဲ့အချိန်တုန်းကတစ်နေ့တာတစ်နေ့ဟာအင်မတန်ရှည်လျားလွန်းလှသလိုတ
ဖြောက်ဖြောက်နဲ့အသံပေးနေတဲ့မိုးစက်သံတွေက
အချိန်တွေဆွဲထားသလိုခံစားရပြီးနာကျည်းမိသေး
သည်။

ကိုကိုကပြန်လာခေါ်မယ်လို့ကတိမထားသလိုပြန်သွားနိုင်ခွင့်လဲမျှော်လင့်မထားရဲတဲ့အချိန်တွေ။အရှေ့အနောက်တောင်မမှတ်မိသေးတဲ့အရွယ်မှာကို
ကိုရှိရာအရပ်ကဘယ်ဖက်ဖြစ်နိုင်မလဲလို့တချိန်လုံး
တွေးနေမိခဲ့တာ။မန္တလေးကတက်လာတဲ့ခရီးသည်တင်ကားတွေမြင်တိုင်း သူတို့ကကိုကိုနဲ့နီးတဲ့အရပ်ကပြန်လာကြတာဘဲလို့ အားကျစိတ်နဲ့ငေးမိခဲ့ရ
တာလဲနေ့တိုင်းလိုလိုပါပင်။ဘာမှမမြင်ရအောင်
ပိတ်ကာဆီးနေတဲ့တောင်တန်းတွေကိုမချိတင်ကဲ
အပြစ်တင်ချင်မိခဲ့ပေသည်။

ဘာလို့များမမြင်နိုင်အောင်ကာထားတာလဲ။အနည်း
ဆုံးတော့ သူတို့တွေနောက်ကျောဘက်ကိုအိပ်တန်း
ပြန်တဲ့နေလုံးနီနီလေး ဟိုးအောက်ခြေထိဆင်း
သွားတာကြည့်ချင်သေးတယ်လေ။ဦးထွန်းကပြော
တယ် မန္တလေးကမြေပြန့်ဦးထွန်းတို့နေတာတောင်
ပေါ်မှာ တဲ့။ကားပေါ်ငြိမ်ငြိမ်လေးလိုက်ခဲ့တဲ့ခါးကသ
တိကိုမထားမိခဲ့တာ။

ဆိတ်ဆိတ်ငြိမ်ငြိမ်လေးနဲ့နာနေတဲ့ရင်ဘတ်ကိုပေ
ကပ်ကပ်စောင့်ကြည့်ရင်းကိုကို့မျက်နှာကိုသာအ
ပြန်ပြန်အလှန်လှန်တွေးရင်းပုံဖော်နေခဲ့မိတာကိုး။

တောင်တွေမကာထားရင်တောင်မိုင်ပေါင်းများ
စွာရဲ့အနောက်မှာကျန်ရစ်ခဲ့တဲ့ကိုကိုတို့မြို့ကြီးကို
ဘယ်မြင်ရမှာလဲ။မြင်မြင်သမျှအရာရာကို
နာကျည်းတယ်။ခါးသီးတယ်။မိုးတွေကိုလဲမုန်းတယ်။
စွန့်ခွာသွားစေသူကိုသာမနာကျည်းမမုန်းတီးနိုင်ဘဲ
တသသနဲ့လွမ်းနာကျခဲ့ရသည်။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now