17

321 34 2
                                    

မဏ္ဍပ်မှာစတုဒီတာအတွက် ကြာဇံကြော်၊ခေါက်ဆွဲကြော်နဲ့ အချိုရည်ဗူးတွေ။တန်းစီလာသည့်လူ
တန်းရှည်ကြီးကို ဝေပေးနေရင်းမျက်လုံးအစုံက
ဟိုဟိုဒီဒီ ဝေ့ဝဲရှာနေမိသည်။

သူမနက်က မထွက်လာခင်မခိုင်ကိုသေချာမှာခဲ့
သည်။ခါးကိုမဏ္ဍပ်လိုက်လာဖို့။ ရှာမတွေ့တာတော့မဖြစ်နိုင်။တမင်ရှောင်နေတာများလား။

ဆက်နေကြအကျင့်မရှိသည့်ဖုန်းကိုလဲ မဆက်
ချင်ပါပေ။သူအတော်လေးတွေးနေမိပါလေ၏။

"ကိုမောင် ဘယ်တွေငေးနေတာလဲ..ရှေ့ကလူ
တွေစောင့်နေတယ်လေ..ပင်ပန်းနေရင်ထား
လိုက်တခြားလူတွေ ဝေလိမ့်မယ်...."

"အင်း နှင်းလဲနားတော့လေ"

"လာ မဏ္ဍပ်ကြီးပေါ်သွားရအောင် ကိုမောင့်
လူတွေလဲ အပေါ်တက်ကုန်ပြီ...."

"တက်နှင့်.."

"ဘယ်သူ့စောင့်နေတာလဲ.."

ခေါင်းခါပြပေမယ့်အကြည့်တစ်စုံကတစ်နေရာ
မှာစူးစိုက်သွားရလေသည့်သော်တာမောင်။နှင်း
သက်လွင်မှာကိုမောင်ကြည့်ရာလှမ်းကြည့်လိုက်
တော့မိုးခါး။

ရေတွေစိုရွှဲနေပြီး ကိုယ်မှာကျပ်ကပ်နေတဲ့ ဆွဲသား
လက်ရှည် နီညိုရောင်နဲ့အပြဲတွေပါတဲ့ ဂျင်း အနက်
ရောင်ကြောင့်ခါး အရပ်ကို ပိုရှည်နေစေသလိုပင်။

နေကာမျက်မှန် အပြာရောင်နဲ့ ဖြူဖွေးနေတဲ့အသားအရေကြောင့်တက်သစ်စမင်းသားလေးတစ်ယောက်လိုတောက်ပလင်းလက်နေလေ၏။
ခါးအကျီ ၤစကိုဆွဲ ကာပါလာတဲ့ကောင်မလေးနှစ်
ယောက်ကလဲ ကိုရီးယား မင်းသမီးတွေလိုနုနု
ငယ်ငယ်၊လန်းလန်းဆန်းဆန်းလေးတွေ။

နောက်ကကောင်မလေးကို ငုံ့ကာ ဘာပြောသည်မသိ ကောင်မလေးက ဟက်ဟက်ပက်ပက်ရယ်
မောနေတော့သည်..။ဦးသီပြောလဲပြောစရာ။သော်တာမောင်ဆယ့်ခွန်၊ဆယ့်ရှစ်အရွယ်မှာလူငယ်အရသာကိုစွန့်လွှတ်ခဲ့ပြီးမနိုင်ဝန်ထမ်းရင်းစီးပွားရေးကိုစတင်လုပ်ကိုင်နေခဲ့ပြီ။ခါးကတော့ ဘာအပူပင်မှမရှိ၊ဘာအတွေးတွေမှမရှိသေးဘဲလွတ်လပ်ပေါ့ပါးနေတုန်း။

သော်တာမောင်ကိုယ်၌ကလည်းခါးကိုဦးဆောင်
လမ်းပြဖို့မရည်ရွယ်သလိုဒီအရွယ်ကောင်လေးကို
ငယ်သေးတယ်ဟူ၍ပင်တွေးနေခဲ့သေးသည်။မိန်း
ကလေးတွေနဲ့ယှဉ်တွဲတွေ့ရချိန်မှာတော့မငယ်
တော့ဘူးပဲဟုအတွေးတစ်ဖုံပြောင်းသွားပြန်လေ၏။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now