သော်တာမောင်ပြန်လာတော့ ခါးကိုမတွေ့သလို
အိမ်ရှေ့မှာဆိုင်ကယ်လဲ မရှိတော့ပေ။*ဘယ်သွားလိုက်ပြန်ပြီလဲ..*
"မမျိုး ခါးအပြင်သွားတာလားဆိုင်ကယ်လဲ
မတွေ့ဘူး....""ဟုတ်တယ်မမျိုးဈေးဝယ်က ပြန်လာတော့
ခါးကိုတွေ့လိုက်တယ်ကျောပိုးအိတ်လဲပါတယ်""ဗျာ.."
နှင်းပြောတဲ့စကားတွေထဲတစ်ခုခုတော့ခါးမကြိုက်
တာ ပါလိ်မ့်မယ်ဆိုတာသိပေမယ့် အတင်းဇွတ်
မေးပြန်ရင်လဲ မကောင်းတတ်တာမို့ ခါးကိုမေးဖို့သာ တွေးပြီးပြန်ခဲ့တာ။လက်ထပ်ပွဲကို ကြိုက်သလိုဆုံးဖြတ်ပါလို့ အ
လျှော့ပေးပြီးသားခါးကနှင်းနဲ့ ထိပ်တိုက်တွေ့
စရာအကြောင်းမရှိပေ။အစောတုန်းကမျက်နှာတစ်ခုလုံးရဲတက်ပြီး
လက်သီးတင်းတင်းဆုပ်ထားသည်ကတော်ရုံ
ဒေါသတော့မဖြစ်နိုင်။ဒီရက်ပိုင်း သောကတွေများလွန်းလို့အဲ့ဒီ
လက်ထပ်ပွဲလဲ စိတ်ထဲတောင်မထည့်မိခဲ့။ပုံမှန်ထက် အေးစက်လာတဲ့ခါးကို လက်လွတ်
စပါယ်ပြစ်ထားပြီးအိမ်ထောင်ပြုဖို့ကသူလဲ
မသေချာပါ။အလောတကြီးလက်ထပ်ဖို့လဲ လိုမှမလိုပဲလေ။
အခန်းထဲဝင်ကြည့်တော့ ခြေရာလက်ရာမပျက်
သလိုပင်။မသိစိတ်ရဲ့စေ့ဆော်မှုကြောင့်ဟိုဟို
ဒီဒီကြည့်နေမိ၏။ဘီဒို ကိုဖွင့်ကြည့်တော့အဝတ်အစားအနည်းငယ်သာလျော့တာမို့သက်ပြင်းချ
မိသည်....။ဒီလိုပဲမပြောမဆို တစ်ပတ်ဆယ်ရက် ပျောက်
ပျောက်သွားတတ်သည့်ခါး။ကိုထွန်းနဲ့နေတုန်း
ကအပြင်မှာညအိပ်တတ်တယ်လို့မကြားမိပေ
မယ့်ကိုယ့်အိမ်ရောက်ကာမှအပြင်အိပ်တတ်လာ
တဲ့လူပေလူတေ။သက်ပြင်းတွေချလို့မှမဆုံးသေးခင်
သော်တာမောင့်မျက်လုံးအစုံကစားပွဲပေါ်ရောက်
ရှိသွားသည်။စာရွက်ကိုနှစ်ပိုင်းခေါက်ကာတင်
ထားသည်ကမြင်သာအောင်ထားထားသလိုမျိုး။
ကောက်ယူကာဖွင့်လိုက်တော့ခါးလက်ရေးလေးတွေ။"ကိုကို.."
တစ်ချိန်ချိန်မှာကျေးဇူးဆပ်ပါရစေလို့မပြောနိုင်
တာ ခွင့်လွှတ်..ဘာလို့ဆို အရာရာပြည့်စုံပြီးသား ကိုကို့အတွက်လိုအပ်တာ ဘာမှမရှိလောက်တာ
မို့။ကျွန်တော် လုပ်သမျှအရှုပ်တွေပဲ ဖြစ်နေမှာလေ.....။