9

274 30 2
                                    


သော်တာမောင် နေမကောင်းချင်သလိုဖြစ်
နေတာကြောင့်အလုပ်တွေ အိမ်မှာပဲယူလုပ်
လိုက်သည်။စာကြည့်ခန်းထဲမှာ လက်မှတ်ထိုး
စရာတွေ စစ်ကြည့်နေရင်း နံရံပေါ်က နာရီဆီ
အကြည့်ရောက်တော့ နေ့လည်တစ်နာရီ။

မနက်တည်းက ကော်ဖီတစ်ခွက်ထဲသောက်ထား
သည်မို့ဆာလောင်ခြင်းကနိုးထလာလေ၏။
ထမင်းစားခန်းထဲဝင်လာကာမှ မခိုင်တို့ လင်
မယား ရွာပြန်သွားတာသတိရမိတော့သည်။

ခါး ကတော့တနေ့တနေ့ အပြင်မှာပဲ အချိန်ကုန်
နေပြီးဘာလုပ်လဲမေးလဲမမေး သိလဲမသိချင်သည်
မို့။

ဒီအချိန်ကြီးရုံးကိုဖုန်းဆက်ပြီးတစ်ယောက်ယောက်
ကို လာပို့ခိုင်းရအောင်လဲဗိုက်ကအဲ့ဒီလောက်မ
စောင့်နိုင်တော့ပေ။လူကနည်းနည်းချမ်းစိမ့်စိမ့်ဖြစ်လာတာ သိပေမယ့် ဗိုက်ဆာနေတာမို့ ဂရုမထား
နိုင်အားသေး။

*ခေါက်ဆွဲပြုတ် ok.*

အညွှန်းကြည့်ပြီးလုပ်ရုံပဲမို့ အဆင်ပြေလောက်
မှာပါ။

ကိုယ့်ဘာကို အားပေးသလို ရေရွတ်ပြီးအိုးပေါက်
စလေးထဲ ရေနည်းနည်းထည့်ပြီး လျှပ်စစ်မီးဖိုးပေါ်
တင်လိုက်သည်။ခလုတ်လဲဖွင့်။ခါက်ဆွဲထုပ်ကိုဖောက်ပြီး ဆူလာတဲ့ ရေနွေးထဲ ထည့်။

အထုပ်ပေါက်စထဲက အဆာပလာတွေထည့်
ပြီး နည်းနည်းပါးပါး ဟိုမွှေ၊ဒီမွှေ။အချိန်ဘယ်
လောက်ထိစောင့်သင့်တယ်ဆိုတာမသိတာ
ကြောင့် မကျက်တကျက်ကြီးချမိမှာလဲစိုးရသေး
သည်။လူက ချမ်းရာကနေ အားမရှိသလိုတုန်
လာပေမယ့်တစ်ခုခုစားမှဖြစ်မယ်ဆိုတဲ့အတွေး
ကဝင်နေသည်မို့အားတင်းနေရသည်။ချလိုက်
ရတော့မလား၊ချသင့်ပြီလားနဲ့ချီတုံချတုံဖြစ်နေ
ရင်းပွတက်ပြီးပျော့ပြဲလာတဲ့ ခေါက်ဆွဲကိုမြင်မှ
ခလုတ်ကိုမြန်မြန်ပိတ်လိုက်ရသည်။

*ဘယ်လိုကြီးလဲ*

ကျွမ်းကျင်ရာလိမ္မာရာမရှိတဲ့၊တစ်ခါမှတောင်စမ်း
မလုပ်ဖူးတဲ့ခေါက်ဆွဲပြုတ်ကစားချင်စရာတစ်စက်
မှမရှိပေမယ့်လို့ဆာလောင်မှုဒဏ်ကနှိပ်စက်နေပြီ။

စားပွဲပေါ်က ပန်းကန်းလုံးထဲထည့်ဖို့အိုးကိုမ ကာ
အလှည့် ခေါင်းထဲအေးကနဲ ဖြစ်ကာမျက်လုံးတွေ
ပျာတက်သွားတော့သည်။။ဝဲလည်သွားတဲ့အမြင်အာရုံကြောင့် လက်ထဲကအရာကိုထိန်းချုပ်နိုင်စွမ်း
မရှိတော့ပေ။

ကျွန်တော့်ရဲ့လခြမ်းကွေးလေးWhere stories live. Discover now