"ကိုကို ဒီကိုလာ"
မွေ့ယာပေါ်ကန့်လန့်ဖြတ်လဲလျောင်းချလိုက်ပြီး
ခေါင်းအုံးတစ်လုံးဆွဲယူအုံးလိုက်တဲ့ခါးက ဆန့်
တန်းထားတဲ့သူ့လက်မောင်းကိုပုတ်ပြရင်းခေါ်
နေချေသည်။သူကအကြီးတစ်ယောက်
လိုပြုမူနေတော့တာပဲ။သော်တာမောင် အသာအယာဝင်ခွေ
လိုက်ရင်းခါးတွေအဆမတန်ညောင်းနေတာသတိထားမိတော့သည်။ဆိုင်ကယ်နဲ့ဆိုတော့
ကားလောက်သက်တောင့်သက်သာမဖြစ်
သည်မို့။ကြီးမားလှတဲ့လက်နဲ့သော်တာ
မောင်ရဲ့ ခါးပတ်ကိုချွတ်ပေးလာတဲ့ခါး။"ကိုယ်လုပ်လိုက်မယ်"
"ရတယ် ခါးလုပ်ပေးမယ်"
ခေါင်းအုံးပေါ်အသာချပေးရင်းခါးပတ်ကိုချွတ်၊
ဘောင်းဘီထဲထည့်ထားတဲ့အကျႌစကိုဆွဲထုတ်
ပေးရင်းသက်တောင့်သက်သာဖြစ်စေသည်။လက်ကိုမရုတ်သိမ်းသေးဘဲ ချပ်ကပ်နေတဲ့ဗိုက်သားလေးနဲ့ခါးတစ်ဝိုက်ကိုလက်ကလေးနဲ့ပွတ်
လိုက်နှိပ်လိုက်လုပ်ပေးတဲ့ခါး။"ညောင်းနေပြီမလား "
"စောစောကလိုပြန်အိပ်"
"အွန်း"
လက်မောင်းရင်းထိတိုးကပ်မှီတွယ်လာတဲ့ကိုကိုရဲ့
ကိုယ်သင်းနံ့ဖျော့ဖျော့လေးကတကယ်အေးမြပြီး
သက်တောင့်သက်သာရှိစေသည်။နှဖူးလေးပေါ်အနမ်းခြွေချမိတာနဲ့ခါးရဲ့မေး
ဖျားလေးမှာလဲအိစက်တဲ့အထိအတွေ့လေးဖိကပ်
လာချေ၏။ဒါကတကယ့်ကိုရင်ခုန်ပြီးယစ်မူးချင်စ
ရာလေး။ဘယ်တော့မှရိုးမသွားတဲ့ရင်ခုန်သံဟာ
တစ်ငြိမ့်ငြိမ့်နဲ့လှိုက်တုန်လာပေသည်။"လခြမ်းကွေးကွေးလေးကနမ်းလို့ကောင်းလိုက်တာ"
"ဘယ်တော့ကိုယ်ကလပြည့်ဝန်းကြီးဖြစ်မှာလဲ"
"ကိုကိုက အမြဲတမ်းလပြည့်ဝန်းကြီးပါ ဒါပေမယ့်
ခါးကိုချစ်လို့သဝန်တိုတဲ့အခါ ခါးနမ်းလို့ရှက်သွား
တဲ့အခါ ကိုကိုကလခြမ်းကွေးလေးပဲ။ခါးကိုတည့်
တည့်မကြည့်ရဲဘဲရှက်မျက်နှာလေးလွှဲတတ်တဲ့ပုံက
တကယ့်ကိုလခြမ်းကွေးလေးနဲ့တူတယ်။ခါးအရမ်း
သဘောကျတယ်။ပြီးတော့အသည်းယားတယ်"