UnicodeUnicode
သူကြီး..လင်...
Part-1
" ခများကို ပိုက်ဆံသွားထုပ်လို့
ကျုပ်တို့ပြောနေတယ်လေ..''!!" ကြောက်..ကြောက်ပါတယ်ရှင့်
ကျွန်မကိုဘားမှ မလုပ်ကြပါနဲ့
အခုဘဲ သွား..သွားယူ
ပေးပါ့မယ်ရှင့်...''မျက်နှာကို ပုဆိုးတွေနဲ့စည်း
ထားတဲ့ ဓားပြသုံးယောက်
ခရေတန်းရွာရဲ့ ငွေရှိ အိမ်တစ်အိမ်ကို
ဓားပြ ဝင််တိုက်နေကြခြင်းဖြစ်သည်။
ကြောက်လန့်တစ်ကြားနဲ့ဒေါ်ဇင်မာခိုင်
ခမျာ...တစ်အိမ်လုံးမှာ..တစ်ယောက်ထဲ
ရှိနေ၍ ကူညီရာမဲ့နေရှာ၏။
ဒေါ်ဇင်မာခိုင်ဆိုတာ...တစ်ရွာလုံးမှာ
အချမ်းသာဆုံးနဲ့ စိတ်ထားအကောင်း
ဆုံးမိန်းမတစ်ယောက်။အလူအတန်းဆိုတာလည်းလက်မရွံ့
လူဒါန်းတတ်သူပေ။ သူမ လို
လူမျိုးမှရွှေးပြီး ဓားပြတိုက်ခံ
ရတယ်ဆိုတော့ ကြောက်စိတ်တို့က
ငယ်ထိတ်ရောက်နေသည်မှာ
အမှန်။ယောကျာ်းသေပြီးသားတစ်ယောက်နဲ့
ကျန်ခဲ့တဲ့သူမ..ရိုးရိုးသားသား
ကြိုးကြိုးစားစား
ရှာဖွေခဲ့သမျှ အခုတော့ဓားပြ
တွေလက်ထဲပေးရတော့မယ်။တုန်တုန်ရီရီနဲ့ အိမ်ခန်းထဲဝင်ပြီး
ခေါင်းရင်းမှာထားထားတဲ့သေတ္တာ
သော့ကိုဖွင့်ကာ အနက်ရောင်ပုဝါ
ထုတ်ကို ယူထုတ်လိုက်သည်။ဝါးရင်းတုတ်တွေ ကိုင်ထားတဲ့
ဓာပြသုံးယောက်မှာ သူမအပေါ်က
အုပ်မိုးရပ်ထားကြပြီးငွေထုပ်မဲ့
အချိန်ကိုစောင့်မျှော်နေကြ၏။ဟင့်..ငါ့ငွေတွေတော့သားလေး
မိန်းမ မတောင်းပေးရခင်ကုန်ပြီ
နဲ့တူပါရဲ။ဒီလိုအချိန်မှ သားတော်မောင်က
ဖင်စမ်းလို့တောင်မမိ။အရေးထဲကအရာဆို
ဒင်းကို ရှာနေရတာနဲ့သေမှာ။ဓာပြတွေကို ငွေအကုန်ပေးလိုက်ရလို့
သူ မနှမြော။သားလေး အိမ်ထောင်ပြုချိန်
သင့်တောင်းသင့်တယ် မတောင်း
ရမ်းပေးနိုင်မှာသာပူသည်။အနက်ရောင်ပုဝါကို ဖြေချလိုက်
တော့ထိုပုဝါထဲလိပ်ထားတဲ့ငွေစက္ကူ
တွေကမနည်းမနှော။