Extra ( 1 )

11.9K 548 38
                                    

Unicode

" သတိုးထက်အာဏာ...... ''!!!!

နံနက် ( 11 ) နာရီအချိန်။
သူကြီးအာဏာခွန်းဆက်ခြံဝိုင်းအနောက်ဘက်က
ထွက်ပေါ်လာတဲ့ကျယ်လောင်တဲ့အသံကြောင့်
ဘေးအိမ်ကလူတွေပါ..ထကြည့်ကုန်ကြသည်။

" သူကြီးသမီးနှင်းနွယ်အသံဘဲ ''

" ဒီကလေးမ..တစ်ဖြည်းဖြည်းအသံပြဲလာတယ်''

" ဟုတ်ပါ့ရှင်ကအရင်က
အိန္ဒြေရှင်လေးပါ''

ခေါင်းရင်အိမ်က ထွက်ပေါ်လာတဲ့ဝေဖန်သံအဆုံး
ကြားလိုက်ရတဲ့နောက်တစ်သံက
ဆယ့်တစ်နှစ်သားသူကြီးသားလေး
သတိုးထက်အာဏာရဲ့အာပြဲလျှာပြဲ
ငိုသံပင်။

" အီးး.. ဗြဲ..  ... ''!

" မပြေးနဲ့.. !! လာခဲ့စမ်း..  ! သတိုးထက်အာဏာ
အခုရပလိုက်စမ်း  ''

" ​ဗြဲ... မရပ်ဘူး.. !! စုန်းမကြီး..''

" ဘာ.. ''!!!

" သတိုးထက်အာဏာ..မင်းနဲ့ငါတွေ့မယ်''

ဒုတ်ကိုင်ပြီးနောက်ကလိုက်နေတဲ့
နှင်းနွယ်ကြောင့်အရိုက်ခံထားရတဲ့
တင်ပါးကိုပွတ်ကာပွတ်ကာဖြင့်
ခြံဝန်းထဲပတ်ပြေးနေတဲ့ကောင်လေး။

" စုန်းမကြီး..မရိုက်နဲ့လို့  ..ဗြဲ..
သားမောတယ်လို့..ဖေကြီးအာဏာရေ..
ဖေကြီးလက်ရာ..မမမြ...မမထွေးနု့..
ဖွားဖွား.... ကယ်ပါ..ဗြဲ.. ''!

"အခုရပ်စမ်း.. !! ခုနှစ်အိမ်ကြားရှစ်အိမ်ကြား
အော်ငိုမနေနဲ့..ရပ်ထား..မင်းအခု့ရပ်ထား''!

" မရပ်ဘူး..လုံးဝမရပ်ဘူး..! ဗြဲ..
အရိုက်ခံရမှာကိုဘယ်သူကရပ်မှာလည်းလို့''

နှင်းနွယ်သူ့မောင်ကိုလိုက်ရိုက်တဲ့အသံကြောင့်
သူကြီးခြံတစ်ခြံလုံးဆူညံပွက်လောကို
ရိုက်နေတော့သည်။

" ဦးရေ..ဦးထင်အောင်..ဦးကလေးကိုကယ်ပါ''!

" ခွေးကောင်လေး.. ကယ်ခိုင်းမနေနဲ့
အဲ့ကောင်ကိုလည်းငါမကြောက်ဘူး''!

" ဗြဲ..သားခွေးမဟုတ်ဘူး..မမသာခွေး''

" မင်း.. '' နှင်းနွယ် ဒီကလေးကိုစိတ်တိုပြီးရင်
စိတ်တိုနေပြီ။ဒီမျောက်နဲ့မော်တော်ပီကယ်စပ်ရထား
သလားအောင်းမေ့ရတဲ့ကောင်နဲ့နှစ်ယောက်ထဲ
အိမ်မှာထားခဲ့တဲ့အဖေနဲ့လက်ရာကိုပိုစိတ်တိုတယ်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now